Intro
Verse 1
ဘယ်လောက် ဝေးဝေးသွားသွား မမေ့နိုင်ပေ
ဘယ်လို စိမ်းစိမ်းကားကား မမုန်းနိုင်တော့
ဘာတွေဖြစ်ဖြစ် ရှေ့ဆက်ချစ်မယ်လေ
မင်းနဲ့နီးချင်ပြီ
Verse 2
နာရီစက္ကန့်များက လွမ်းစရာတွေ
ကော်ဖီတစ်ခွက်နဲ့ အိပ်ပျက်ညကို မျိုချနေ
ကိုယ်တစ်ယောက်တည်းတော့
အားတိုင်း စိတ်တွေလေ
မင်းနဲ့နီးချင်ပြီ
အဝေးကချစ်တာ အဆင်မပြေပါ
ထွက်ပြေးသွား အတွေးတွေဟာ မင်းအနားနား
ကိုယ့်ပါးနဲ့ မင်းရင်ကို မှီချင်ပြီ
ကိုယ်မင်းနဲ့ နီးချင်ပြီ နီးချင်ပြီ
Music
Verse 3
ဒဏ်ရာများလည်း မင်းကြောင့် သက်သာမယ်
တစ်ခါတစ်လေ လဲကျသွားလည်း
မင်းလာ ပြန်ထူပေးကွယ်
အနာဂတ်အားလုံး မင်းပဲဖြစ်နေအောင်
မင်းနဲ့နီးချင်ပြီ
အဝေးကချစ်တာ အဆင်မပြေပါ
ထွက်ပြေးသွား အတွေးတွေဟာ
ကိုယ့်ပါးနဲ့ မင်းရင်ကို မှီချင်ပြီ
ကိုယ်မင်းနဲ့နီးချင်ပြီ
Bridge
အနှစ်နှစ်အလလ ချစ်ကြတာတွေ
မြင်ယောင်မိရင်းလေ
တစ်ချိန်ချိန်ပြန်ပြီး တို့နှစ်ယောက်ဆုံမယ်
ယုံကြည်မျှော်လင့်နေ
တစ်နေရာစီ ဝေးဝေးပြီး
ကြာကြာမနေထိုင်ချင်တော့ပြီ
မခွဲနဲ့ တို့နှစ်ယောက်ကြားက
ဘယ်သူတားတား မရဘူး ဟေ့
Solo
Now ကိုယ်တို့နီးချင်ပြီ
အဝေးကချစ်တာ အဆင်မပြေပါ
ထွက်ပြေးသွား အတွေးတွေဟာ
ကိုယ့်ပါးနဲ့ မင်းရင်ကို မှီချင်ပြီ
Now ကိုယ်တို့နီးချင်ပြီ
မင်းနဲ့နီးချင်ပြီ နီးချင်ပြီ
Ending
နီးကပ်စွာ ရှိနေချင်ပြီ
နီးကပ်စွာ တို့တည်ရှိစို့နော်