Original key: D
Intro
Verse 1
အို ကိုယ့်ရဲ့မျက်ဝန်းမှာ မင်းရဲ့ရုပ်ပုံများသာ နေရာယူနေဆဲပဲ
အမြဲတမ်းခိုင်မြဲတယ် ဘယ်လိုပျောက်ပျက်မသွားနိုင်တယ်
အို ကိုယ့်ရဲ့စိတ်ကူးထဲ မင်းအကြောင်းများ အချိန်တိုင်းပဲ
အရာရာ မင်းနဲ့သက်ဆိုင်တယ် ကိုယ်နဲ့မင်းဟာ တစ်ယောက်တည်းပဲ
တို့ရဲ့ရင်ခုန်ခြင်းတွေ တူညီလို့သွားတယ်
ပင်လယ်ထဲသို့စီးဝင်ဆဲ သူရယ်ကိုယ်ရယ် အပြာရောင်မြစ်တစ်စင်းပဲ
တို့ဘဝတွေ ဒီမှာတစ်ခုတည်းဖြစ်ခဲ့တယ်
ပင်လယ်ထဲသို့စီးဝင်ဆဲ ဘယ်သူခွဲခြားထားနိုင်မလဲ
အရာရာမှာတစ်ခုတည်း တို့နှစ်ယောက်စီးဝင်ခဲ့ အချစ်ပင်လယ်
Verse 2
ကိုယ်လျှောက်ခဲ့ ခြေလှမ်းများ လျှောက်တဲ့လမ်းတွေရယ်
မင်းစိတ်ရဲ့စေညွှန်းရာ အို ယုံကြည်တဲ့လမ်းပေါ် မင်းလေးနင်းလျှောက်လာခဲ့တယ်
ခြေရာတွေဟာ တစ်ထပ်တည်းပဲ
ပင်လယ်ထဲသို့စီးဝင်ဆဲ သူရယ်ကိုယ်ရယ် အပြာရောင်မြစ်တစ်စင်းပဲ
တို့ဘဝတွေ ဒီမှာတစ်ခုတည်းဖြစ်ခဲ့တယ်
ပင်လယ်ထဲသို့စီးဝင်ဆဲ ဘယ်သူခွဲခြားထားနိုင်မလဲ
အရာရာမှာတစ်ခုတည်း တို့နှစ်ယောက်စီးဝင်ခဲ့ အချစ်ပင်လယ်
Bridge
အတွေးများအားလုံး မင်းအတိုင်းပဲ အိပ်မက်အားလုံး မင်းအတိုင်းပဲ
ယုံကြည်တာတွေ မင်းရဲ့အတိုင်းပါပဲ
ပင်လယ်ထဲသို့စီးဝင်ဆဲ သူရယ်ကိုယ်ရယ် အပြာရောင်မြစ်တစ်စင်းပဲ
တို့ဘဝတွေ ဒီမှာတစ်ခုတည်းဖြစ်ခဲ့တယ်
ပင်လယ်ထဲသို့စီးဝင်ဆဲ ဘယ်သူခွဲခြားထားနိုင်မလဲ
အရာရာမှာတစ်ခုတည်း တို့နှစ်ယောက်စီးဝင်ခဲ့ အချစ်ပင်လယ်
ပင်လယ်ထဲသို့စီးဝင်ဆဲ သူရယ်ကိုယ်ရယ် အပြာရောင်မြစ်တစ်စင်းပဲ
တို့ဘဝတွေ ဒီမှာတစ်ခုတည်းဖြစ်ခဲ့တယ်
ပင်လယ်ထဲသို့စီးဝင်ဆဲ ဘယ်သူခွဲခြားထားနိုင်မလဲ
အရာရာမှာတစ်ခုတည်း တို့နှစ်ယောက်စီးဝင်ခဲ့ အချစ်ပင်လယ်
တို့နှစ်ယောက်စီးဝင်ခဲ့ အချစ်ပင်လယ်