Original key: Bb
Intro
Verse 1
ဟန်နေ...နေ့တိုင်းတွေ့ချင်တာ မင်းရဲ့မျက်နှာလေး
နေ့တိုင်းကြားချင်တာ မင်းရဲ့အသံလေး ဟန်နေ...ဝိုး...အိုး...
ဟန်နေ...အတူနေရဖို့အရေး တို့ကြိုးစားနေတယ်
ကိုယ်မင်းအတွက် အမြဲတမ်း အကောင်းဆုံးဖြစ်ချင်ခဲ့
ဟန်နေ...ဝိုး...အိုး...
ဒီအချိန်မှာ ဝေးနေရပေမယ့်
စက္ကန့်တိုင်းပဲမင်းကို ကိုယ်လေသတိရနေတယ်
Music
Verse 2
ဟန်နေ...ဆုံစည်းဖို့အရေး တွေးစဉ်းစားမိနေတိုင်း
အနေဝေးမယ့် အကြောင်းပဲ ခေါင်းထဲရောက်လာခဲ့
ဟန်နေ...ဝိုး...အိုး...
အချိန်ဆိုတာ တို့မပိုင်ရပေမယ့်
ခွဲရဖို့တော့အချစ်ရယ် ကိုယ်လေတွေးကြောက်နေတယ်
Solo
Verse 3
ဟန်နေ...အချိန်တိုင်းပဲ မင်းလေး စိုးမိုးလို့နေတယ်
ကိုယ်မတွေးလည်း မင်းအကြောင်း ခေါင်းထဲရောက်လာခဲ့
ဟန်နေ...ဝိုး...အိုး...
ဟန်နေ...အတူနေရဖို့အရေး တို့ကြိုးစားနေတယ်
ကိုယ်မင်းအတွက် အမြဲတမ်း အကောင်းဆုံးဖြစ်ချင်ခဲ့
ဟန်နေ...ဝိုး...အိုး...
အချိန်ဆိုတာ တို့မပိုင်ရပေမယ့် စက္ကန့်တိုင်းပဲ
မင်းကို ကိုယ်လေသတိရနေတယ် ဝိုး အိုး...
ဟန်နေ...
Ending
ဟန်နေ...ကိုယ်တွေးရင်း ဝေးသထက် ဝေးရတော့မှာလား...