Original key: G
Intro
Verse 1
ပုလဲလုံးလေးတွေ သီကုံးထားသလို ရယ်ပြသလား
မလုပ်နဲ့အချစ်ရေ ဒီအတိုင်းပဲ ㅤကိုယ့်မျက်ဝန်းထဲ လှပါတယ်
ဆည်းလည်းလေးတွေ ထိပွန်းသွားသလို ဆိုတဲ့စကား
မပြောနဲ့အချစ်ရယ် ဒီအတိုင်းပဲ ㅤနားထဲအေးချိုတယ်
လှပါတယ်ဆိုနေမှ ဒီထက်ပိုလှချင်သူလေး
ကိုယ်ဟာမင်းကို လှလို့ချစ်တာမဟုတ် ချစ်လို့လှတာပါ
လှပါတယ်ဆိုနေမှ ဒီထက်ပိုလှချင်သူလေး
ကိုယ်ဟာမင်းကို လှလို့ချစ်တာမဟုတ် ချစ်လို့လှတာပါ
Solo
Verse 2
သစ်ရွက်လှုပ်တာ လေတိုက်လို့ပါ ㅤမဆိုချင်ဘူး
ပျားပိတုန်းလေးတွေ ပျံဝဲကြရင် အနားမှာပန်းချင်းရှိလို့ပဲ
အလွမ်းသီချင်းလေးတွေ ဆိုညည်းရအောင် ဖန်လေသလား
ရက်စက်ခဲ့ပါစေ ဒီအတိုင်းပဲ ㅤကိုယ့်အသည်းထဲစွဲနေတယ်
လှပါတယ်ဆိုနေမှ ဒီထက်ပိုလှချင်သူလေး
ကိုယ်ဟာမင်းကို လှလို့ချစ်တာမဟုတ် ချစ်လို့လှတာပါ
လှပါတယ်ဆိုနေမှ ဒီထက်ပိုလှချင်သူလေး
ကိုယ်ဟာမင်းကို လှလို့ချစ်တာမဟုတ် ချစ်လို့လှတာပါ
အချစ်တွေဟာ လှနေတာ အချစ်တွေဟာ
လှပါတယ်ဆိုနေမှ ဒီထက်ပိုလှချင်သူလေး
ကိုယ်ဟာမင်းကို လှလို့ချစ်တာမဟုတ် ချစ်လို့လှတာပါ
လှပါတယ်ဆိုနေမှ ဒီထက်ပိုလှချင်သူလေး
ကိုယ်ဟာမင်းကို လှလို့ချစ်တာမဟုတ် ချစ်လို့လှတာပါ