
ချယ်ရီကိုသာပန်ပါကွယ်
Intro
Verse 1
မှန်ကိုလည်း ငဲ့မကြည့်တော့
ကေသာကြော့လည်း ပြေလျော့ခဲ့တယ်
အိမ်မှာပန်လာရှာတဲ့
ပိတောက်ပန်းညိုးချိန်ဝယ်
ပန်ပါလို့ ဇွတ်မပေးချင်
မပန်ရင်လည်းပဲကိုယ်ခွင့်လွှတ်မယ်
ရင်မှာကြင်နာတာတွေ သိပြီးသားပါကွယ်
Chorus
တောင်ပေါ်မြေမှာ
တော်ဝင်ပိတောက်ပန်း မရှိပေမယ့်
ဖြူစင်စေတနာ
အရိုးခံစိတ်ရင်း ရှိကြတယ်
ချယ်ရီတွေရယ်
ဧည့်ဝတ်မပျက်ပါ ဘူးကွယ့်အချစ်ရယ်နော်
လိမ္မာပါတယ်ဗမာမလေး
စိတ်မညိုနဲ့
ရွှေညာမြေက
ပိတောက်ဝါကို သတိရတဲ့အခါ
ချယ်ရီကိုသာပန်ကာကျေနပ်ကွယ်
Verse 2
အိမ်ကိုပဲ လွမ်းလို့လား
အရင်လူများစိတ်မှာအောက်မေ့ရင်
ပြန်ချင်တယ်ဆိုရင်ဖြင့် ကိုယ်မတားရက်ပါတယ်
ဒါပေမယ့် မင်းမသွားခင်
တောင်ပေါ်သားရဲ့အချစ်ဆုံးလက်ဆောင်
မပန်တောင်ယူမယ်ဆိုရင် ကိုယ်ခူးပေးချင်တယ်
Chorus
တောင်ပေါ်မြေမှာ တော်ဝင်ပိတောက်ပန်း မရှိပေမယ့်
ဖြူစင်စေတနာ အရိုးခံစိတ်ရင်း ရှိကြတယ်
ချယ်ရီတွေရယ် ဧည့်ဝတ်မပျက်ပါ ဘူးကွယ့်အချစ်ရယ်နော်
လိမ္မာပါတယ်ဗမာမလေး စိတ်မညိုနဲ့
ရွှေညာမြေက ပိတောက်ဝါကို သတိရတဲ့အခါ
ချယ်ရီကိုသာပန်ကာကျေနပ်ကွယ်
Solo
Verse 3
မှန်ကိုလည်း ငဲ့မကြည့်တော့
ကေသာကြော့လည်း ပြေလျော့ခဲ့တယ်
အိမ်မှာပန်လာရှာတဲ့ ပိတောက်ပန်းညိုးချိန်ဝယ်
ပန်ပါလို့ ဇွတ်မပေးချင်
မပန်ရင်လည်းပဲကိုယ်ခွင့်လွှတ်မယ်
ရင်မှာကြင်နာတာတွေ သိပြီးသားပါကွယ်
Chorus
တောင်ပေါ်မြေမှာ တော်ဝင်ပိတောက်ပန်း မရှိပေမယ့်
ဖြူစင်စေတနာ အရိုးခံစိတ်ရင်း ရှိကြတယ်
ချယ်ရီတွေရယ် ဧည့်ဝတ်မပျက်ပါ ဘူးကွယ့်အချစ်ရယ်နော်
လိမ္မာပါတယ်ဗမာမလေး စိတ်မညိုနဲ့
ရွှေညာမြေက ပိတောက်ဝါကို သတိရတဲ့အခါ
ချယ်ရီကိုသာပန်ကာကျေနပ်ကွယ်
Outro
တောင်ပေါ်မြေမှာ တော်ဝင်ပိတောက်ပန်း မရှိပေမယ့်
ဖြူစင်စေတနာ အရိုးခံစိတ်ရင်း ရှိကြတယ်
ချယ်ရီတွေရယ် ဧည့်ဝတ်မပျက်ပါ ဘူးကွယ့်အချစ်ရယ်နော်
လိမ္မာပါတယ်ဗမာမလေး စိတ်မညိုနဲ့
ရွှေညာမြေက ပိတောက်ဝါကို သတိရတဲ့အခါ
ချယ်ရီကိုသာပန်ကာကျေနပ်ကွယ်
Speed1.0x
Key0