
နေရာတိုင်းမှာ
Original key: E
INTRO
VERSE
ရောင်နီကိုကြိုလင့်တဲ့ ပန်းကလေးတွေ
အချစ်ဆုံးရဲ့ အနံ့အသက်ကိုယူခဲ့ပြီ
နေဝင်ချိန်အိပ်တန်းတက် ငှက်ကလေးတွေ
အချစ်ဆုံးရဲ့ သတင်းစကားကိုဆောင်ခဲ့ပြီ
VERSE
နေခြည်တွေ ခြုံလွှမ်းတဲ့နံနက်ခင်းမှာ
အချစ်ဆုံးရဲ့အနွေးဓာတ်ကို ပြန်ရပြီ
လေပြည်ကလေးဆော့ကစားတဲ့ညချမ်းမှာ
အချစ်ဆုံးရဲ့ အထိအတွေ့ကိုပြန်သိပြီ
CHORUS
ဘယ်ဆီကိုရောက်လို့လေ
ဘယ်လောက်ဘဲဝေးရလည်း
ဘယ်တော့မှ အထီးကျန်မဆန်ခဲ့
ရင်ထဲကတမ်းတလိုက်ရုံလေးနဲ့
ကိုယ့်ဘဝရဲ့နေရာတိုင်းမှာ
မင်းရှိတယ်
VERSE
လူတွေက ကိုယ်တို့နှစ်ယောက်ခွဲရလို့
အကုန်ဝိုင်းပြီး သနားကြသတဲ့
အချစ်ကလေးရယ်
ဒီကမ္ဘာမှာ ကိုယ်တို့လောက်နီးကပ်တာ
ဘာတစ်ခုမှ မရှိတော့တာ
မသိဘူးရယ်
SOLO
CHORUS
ဘယ်ဆီကိုရောက်လို့လေ
ဘယ်လောက်ဘဲဝေးရလည်း
ဘယ်တော့မှ အထီးကျန်မဆန်ခဲ့
ရင်ထဲကတမ်းတလိုက်ရုံလေးနဲ့
ကိုယ့်ဘဝရဲ့နေရာတိုင်းမှာ
မင်းရှိတယ်
VERSE
လူတွေက ကိုယ်တို့နှစ်ယောက်ခွဲရလို့
အကုန်ဝိုင်းပြီး သနားကြသတဲ့
အချစ်ကလေးရယ်
ဒီကမ္ဘာမှာ ကိုယ်တို့လောက်နီးကပ်တာ
ဘာတစ်ခုမှ မရှိတော့တာ
မသိဘူးရယ်
INSTRUMENTAL
VERSE
ရောင်နီကိုကြိုလင့်တဲ့ ပန်းကလေးတွေ
အချစ်ဆုံးရဲ့ အနံ့အသက်ကိုယူခဲ့ပြီ
နေဝင်ချိန်အိပ်တန်းတက် ငှက်ကလေးတွေ
အချစ်ဆုံးရဲ့ သတင်းစကားကိုဆောင်ခဲ့ပြီ
ENDING
Speed1.0x
Key0