
ရေဒီယိုကမာရွတ်
Original key: C
VERSE
ဟိုဘက်အိမ်ကညတိုင်းညတိုင်း
စာအကျယ်ကြီးကျက်တတ်တဲ့
ဆယ်တန်းကျောင်းသူကို
ကျွန်တော့်တို့အဖွဲ့ကချစ်စနိုးလေးနဲ့
ရေဒီယိုကမာရွတ်လို့မှည့်ထားတယ်
CHORUS
အိုရေဒီယိုကမာရွတ်ရေ
ကြိုးစားလိုက်စမ်းကွယ်
D တွေနဲ့အောင်ဖို့
ဆုတောင်းပေးမယ့်သူတွေရှိတယ်
အိုရေဒီယိုကမာရွတ်ရေ
ကြိုးစားလိုက်စမ်းကွယ်
D တွေနဲ့အောင်ဖို့
ဆုတောင်းပေးမယ့်သူတွေရှိတယ်
INSTRUMENTAL
VERSE
စာအုပ်ကိုင်ကာကျက်ရင်းလျှောက်ရင်း
တစ်ခါတစ်ခါပြတင်းဝက
ဖြတ်အလာချောင်းကြည့်သူရေ
ကိုယ်တို့ရှိလို့အနှောက်အယှက်ဖြစ်ရင်
အလည်လာတဲ့တစ်ရပ်သားမို့ခွင့်လွှတ်ကွယ်
CHORUS
အိုရေဒီယိုကမာရွတ်ရေ
စိတ်မဆိုးလိုက်နဲ့ကွယ်
စာတွေမကျက်နိုင်ရင်
ဝမ်းနည်းရမယ့်သူတွေရှိတယ်
အိုရေဒီယိုကမာရွတ်ရေ
စိတ်မဆိုးလိုက်နဲ့ကွယ်
စာတွေမကျက်နိုင်ရင်
ဝမ်းနည်းရမယ့်သူတွေရှိတယ်
SOLO
VERSE
ဒီနေ့မှာတော့တို့များရင်ထဲဟာနေရတဲ့
အကြောင်းအရင်းစီစစ်လိုက်ရှာတော့
ဆယ်တန်းတွေစာမေးပွဲပြီးလို့
ရေဒီယိုကမာရွတ်ပိတ်ထားခြင်းပဲ
CHORUS
အိုရေဒီယိုကမာရွတ်ရေ
တိတ်ဆိတ်လွန်းလို့ကွယ်
စာအံတဲ့အသံလေး
တောင့်တမိတဲ့သူတွေရှိတယ်
အိုရေဒီယိုကမာရွတ်ရေ
တိတ်ဆိတ်လွန်းလို့ကွယ်
စာအံတဲ့အသံလေး
တောင့်တမိတဲ့သူတွေရှိတယ်
VERSE - NOCHORD
ဟိုဘက်အိမ်ကညတိုင်းညတိုင်း
စာအကျယ်ကြီးကျက်တတ်တဲ့
ဆယ်တန်းကျောင်းသူကို
ကျွန်တော့်တို့အဖွဲ့ကချစ်စနိုးလေးနဲ့
ရေဒီယိုကမာရွတ်လို့မှည့်ထားတယ်
CHORUS
အိုရေဒီယိုကမာရွတ်ရေ
ကြိုးစားလိုက်စမ်းကွယ်
D တွေနဲ့အောင်ဖို့
ဆုတောင်းပေးမယ့်သူတွေရှိတယ်
အိုရေဒီယိုကမာရွတ်ရေ
ကြိုးစားလိုက်စမ်းကွယ်
D တွေနဲ့အောင်ဖို့
ဆုတောင်းပေးမယ့်သူတွေရှိတယ်
FADEOUT
အိုရေဒီယိုကမာရွတ်ရေ
စိတ်မဆိုးလိုက်နဲ့ကွယ်
စာတွေမကျက်နိုင်ရင်
ဝမ်းနည်းရမယ့်သူတွေရှိတယ်
အိုရေဒီယိုကမာရွတ်ရေ
စိတ်မဆိုးလိုက်နဲ့ကွယ်
စာတွေမကျက်နိုင်ရင်
ဝမ်းနည်းရမယ့်သူတွေရှိတယ်
Speed1.0x
Key0