
ငယ်ဘဝများသို့
Original key: F
INTRO
VERSE
ဟေ့သူငယ်ချင်း
မော်ဒန်ခေတ်ရေစီးကြောင်းထဲမှာ
ပျော်ရဲ့လားကွာ
ငါလေသိလို့ရမလား
VERSE
တို့ငယ်ငယ်က
ဆိုနေကြသီချင်းးလေးးများစွာ
ကွယ်ပျောက်သွားတာ
ရေဒီယိုဟောင်းလေးထဲမှာ
CHORUS
အတူတူမိုးလင်းမိုးချုပ်
ဆော့ခဲ့ကြချိန်များ
အမေထမင်းစားဖို့အော်ခေါ်မှ
အိမ်ပြန်ပြေးတဲ့နေ့များစွာ
ခေတ်ဟောင်းလေးထဲပဲမပြောင်းလဲပဲ
ရှင်သန်ပေးပါ
ရမယ်ဆိုရင်တကယ်ဆိုရင်
ငါလေမငြင်း
VERSE
ဟေ့သူငယ်ချင်း
မော်ဒန်ခေတ်ရေစီးကြောင်းထဲမှာ
ပျော်နိုင်ရဲ့လား
ငါလေတကယ်သိခွင့်ရမလား
CHORUS
ငယ်စဥ်တုန်းကပြေးလွှားခဲ့ကြ
လမ်းမများဟာ
ပြန်သွားကြည့်မှ
တကယ်တော့ကျဥ်းကျဥ်းလေးသာ
မင်းလည်းအားလပ်ရက်တော့
တစ်ခေါက်ပြန်လာခဲ့ပါ
တို့ဆုံနေကြဆုံနေကြ
နယ်မြို့လေးတနေရာ
INSTRUMENTAL
VERSE
ဟေ့သူငယ်ချင်း
မော်ဒန်ခေတ်ရေစီးကြောင်းထဲမှာ
မပျော်နိုင်တဲ့အခါ
ဟန်ဆောင်မှုကင်းတဲ့နှလုံးသားမှာ
VERSE
တို့ငယ်ငယ်က
ဖြူစင်စွာရယ်မောခဲ့ကြသမျှ
ပုံရိပ်များသာ
ပြန်လည်ကာတမ်းတနေရင်း
Speed1.0x
Key0