
ဖြစ်တည်မှု
Original key: A
INTRO
CHORUS
နေ့တိုင်း မင်းအကြောင်းတွေးမိနေသူ yeah
ညတိုင်း မင်းကြောင့်အိပ်မရခဲ့ဘူး
စိတ်ကူးထဲလည်း မင်းတစ်ယောက်နဲ့ရူး
နင်မမြင်နိုင်တဲ့ ငါ့ရဲ့ ဖြစ်တည်မှု
ငါမင်းရဲ့ အပြုံးတွေနဲ့ကမ္ဘာတည်ထားသူ
ငိုကြွေးမယ့် မျက်ရည်တွေမမြင်ရက်ဆုံးလူ
ဒါငါ့ရဲ့ ဖြစ်တည်မှု
မင်းမသိပါဘူး
VERSE
တစ်ဖက်သတ် အချစ်က
ပင်ပန်းလွန်းလှတယ်
မသာယာပါကွယ် ဝေးဝေးလေးက
ငေးရတဲ့ဘဝမယ်
မင်းရဲ့ဘေးက လူချောလေးများနဲ့
မယှဉ်နိုင်ပါတယ် စိတ်အားငယ်
PRECHOURS
ငါသာ မင်းရဲ့ ချစ်သူဖြစ်ခွင့်ရရင်ကွယ်
ဒီကမ္ဘာလောကထဲမှာ အပျော်ရွှင်ဆုံးလူ
ငါပဲ
ဖြစ်မယ်
ထင်တယ်
CHORUS
နေ့တိုင်း မင်းအကြောင်းတွေးမိနေသူ yeah
ညတိုင်း မင်းကြောင့်အိပ်မရခဲ့ဘူး
စိတ်ကူးထဲလည်း မင်းတစ်ယောက်နဲ့ရူး
နင်မမြင်နိုင်တဲ့ ငါ့ရဲ့ ဖြစ်တည်မှု
ငါမင်းရဲ့ အပြုံးတွေနဲ့ကမ္ဘာတည်ထားသူ
ငိုကြွေးမယ့် မျက်ရည်တွေမမြင်ရက်ဆုံးလူ
ဒါငါ့ရဲ့ ဖြစ်တည်မှု
မင်းမသိပါဘူး
VERSE
မင်းနဲ့ နီးဖို့ငါကြိုးစားတိုင်းလည်း
ပူထူလာတယ် စကားလေးတစ်ခွန်းတောင်
ပြောမထွက်တဲ့ ငါ့နှယ်
သတ္တိမရှိတဲ့သူမို့ ငါ့ဘဝထဲ
နင်ဝင်လာမယ် မထင်ထားရဲ
PRECHOURS
တစ်ချိန်မှာ ငါ့ရဲ့အချစ်ကို
မင်းသိလို့လာမယ် ဆိုတဲ့အတွေးလေးနဲ့
ဒီကမ္ဘာမြေကြီးပေါ်
ငါမင်း
အတွက်ဖြစ်
တည်ခဲ့
CHORUS
နေ့တိုင်း မင်းအကြောင်းတွေးမိနေသူ yeah
ညတိုင်း မင်းကြောင့်အိပ်မရခဲ့ဘူး
စိတ်ကူးထဲလည်း မင်းတစ်ယောက်နဲ့ရူး
နင်မမြင်နိုင်တဲ့ ငါ့ရဲ့ ဖြစ်တည်မှု
ငါမင်းရဲ့ အပြုံးတွေနဲ့ကမ္ဘာတည်ထားသူ
ငိုကြွေးမယ့် မျက်ရည်တွေမမြင်ရက်ဆုံးလူ
ဒါငါ့ရဲ့ ဖြစ်တည်မှု
မင်းမသိပါဘူး
ENDING
ဒါငါ့ရဲ့ ဖြစ်တည်မှု မင်းမသိပါဘူး
Speed1.0x
Key0