Original key: B
Intro
လာ လား လား
လာ လာ လာ လား လား
Verse 1
ဘာကြောင့်ရယ်
မမျှော်လင့်ဘဲ
ကိုယ်ဟာ မင်းနဲ့မှ တွေ့ဆုံခဲ့
နာကြင်ဖို့အတွက် ပီးပြည့်စုံတယ်
ကံကြမ္မာ ရထားကြီးဝယ်
ဘူတာ မှားတဲ့ ခရီးသည်
Verse 2
ကိုယ် မသိခဲ့
ဒီလိုမျိုး အသည်းကွဲရနိုင်တယ်
အိပ်မက်ထဲက အိပ်မက်ပါပဲ
အကုန် မှုန်ဝါးပြီး
ဒဏ်ရာများနဲ့ ဒီ
Pre-Chorus
မျက်ရည်များနဲ့
ကိုယ် နိုး...ထရတယ်
ဘယ်လိုမှ အဖြေရှာမရခဲ့
ဘာကြောင့်လဲ
မင်း အပြုံးလေးတွေနဲ့ လက်ဖဝါးငယ်
တွဲခွင့် မရှိတော့ပါ ထာဝရကွယ်
လှည့်စားမှုကြောင့်လည်း မသိနိုင်တယ်
အသည်းကွဲဖို့ ကံ ပါလာကြတယ်
ပေါင်းစပ်ခွင့် မရှိတာ ငါနားလည်
ချစ်သူရယ် အရာရာအတွက်
ဘာတွေ ဆက်လုပ်ရတော့မယ်မသိ
ရှင်သန်ဖို့အတွက် နေ့သစ်တွေမရှိ
လေနှင်ရာသာ လွင့်တော့မယ်
မင်း အပြုံးလေးတွေနဲ့ လက်ဖဝါးငယ်
တွဲခွင့် မရှိတော့ပါ ထာဝရကွယ်
လှည့်စားမှုကြောင့်လည်း မသိနိုင်တယ်
အသည်းကွဲဖို့ ကံ ပါလာကြတယ်
ပေါင်းစပ်ခွင့် မရှိတာ ငါနားလည်
ချစ်သူရယ် အရာရာအတွက်