
ယောင်ခြောက်ဆယ်
Original key: F
VERSE
ရှိတဲ့ပိုက်ဆံအိတ်ထဲထည့်အိမ်မှာနေရင်ပျင်းဖို့ကောင်းလို့
အပြင်ဘက်ထွက်လူတွေစုံတဲ့တီးဟောက်စ်တစ်ခုဖက်
ခြေဦးလှည့်ငါဟာသေလည်းမထူးနေမထူးပဲ
VERSE
ကားလမ်းမတစ်ဖက်ငါကူးပြီးငါလိုလူတွေအများကြီးရှိတဲ့
ကမ္ဘာတစ်ခုဆီဆူညံဆူညံဆောင်းဘောက်စ်ကြီးဘေး
နေရာဦးပြီးဆန်ကုန်မြေလေးတစ်ယောက်ထပ်ပေါင်းသည်
CHORUS
လက်ဖက်ရည်ချိုပေါ့တစ်ခွက်အကြမ်းအိုးတစ်အိုးထဆွဲ
အဆုတ်ကိုဒုက္ခပေးတဲ့ဘာညာကလည်းတစ်ပွဲ
အပျင်းပြေပါးစပ်ထဲခဲတစ်ဖက်ဝိုင်းကမီးခြစ်ဆွဲ
ထုံးစံနှုတ်ဆက်ရင်းနဲ့ဘော်ဒါထပ်တိုးခဲ့
VERSE
လောကကြီးကလှသွားပြီသူလိုငါလိုငပျင်းကြီးပဲမို့
ပျော်ကြသည်ဒီအချိန်ဆိုတို့လမ်းမကြီးက
လူတအားစည်မဒီတွေဖြတ်သွားသမျှခေါ်ကြမည်
VERSE
နောက်တစ်ယောက်ကထဇာတ်လမ်းစအာစင်နယ်မန်ယူသဘောကွဲရင်းနဲ့
ထငြင်းကြဂျာနယ်တကာဖတ်ထားသမျှအားလုံး
သွန်ပြီးချဒါဟာအရည်လည်းမရအဖက်လည်းမပါ
CHORUS
ခဏတာငြိမ်သွားခဲ့ဒေါသခိုးတွေဝဲ
စိတ်ပြေသွားအောင်လမ်းပေါ်မြင်ရာဘုပြောခဲ့
အကြောင်းအရာအသစ်ပြောင်းလဲအားလုံးစိတ်ပြေခဲ့
လက်ဖက်ရည်ခွက်တွေအေးပြီလေချဉ်ကလည်းတက်
VERSE
လောကကြီးကမှောင်သွားပြီဒီအချိန်ဆိုတို့သွားမယ့်လမ်းက
တူတတ်သည်ဟိုလူဒီလူမျက်စပစ်လို့
ခေါ်ကြသည်ဒီယုန်မြင်ထွင်ထားတဲ့ခြုံကြားဆီ
FADEOUT
Speed1.0x
Key0