Original key: F
Intro
Verse 1
နေ့ထူးရက်ကောင်းတွေ မဆန်းတော့ဘူး ဒီပြက္ခဒိန်များဟာ အသက်မဝင်ဘူး
နေထွက်လာပြီး ပြန်ပြီးဝင်သွားတော့မှ ဒီနေ့ဒီရက်ဟာ နောက်တစ်ကြိမ်ကူး
Music
Verse 2
ဟာသတွေကမရယ်ရတော့ဘူး ချောက်ချားစရာများဟာရှားပြီအခု
အသက်မပါတော့တဲ့သီချင်းသံများဟာ ပျင်းရိခြင်းတွေအား မဖြိုလဲနိုင်ဘူး
Chorus
ဒါဟာငါမရင့်ကျက်ခဲ့တာလား ဒါဟာငါငြီးငွေ့သွားတာလား
စိတ်ကူးများက စိတ်ကူးတွေထဲ ဖြစ်တည်ပြီး ပြန်ပျက်သုဉ်းရဆဲ
ဘယ်လိုနည်းနဲ့ ဘယ်လိုကုစားရမလဲ
Verse 3
ခြစားနေတဲ့ အိမ်မက်တွေကြားထဲ ရုပ်ကြွင်းတွေတူးဖော်မိခဲ့
ကွေ့ခြင်းကောက်ခြင်းတွေများတဲ့လမ်းထဲ ငါ့ခြေထောက်တွေက နှောင်အနေဆဲ
Chorus
ဒါဟာငါမရင့်ကျက်ခဲ့တာလား ဒါဟာငါငြီးငွေ့သွားတာလား
စိတ်ကူးများက စိတ်ကူးတွေထဲ ဖြစ်တည်ပြီး ပြန်ပျက်သုဉ်းရဆဲ
ဘယ်လိုနည်းနဲ့ ဘယ်လိုကုစားရမလဲ
ဘယ်လိုကုစားရမလဲ
Solo
Chorus
ဒါဟာငါမရင့်ကျက်ခဲ့တာလား ဒါဟာငါငြီးငွေ့သွားတာလား
စိတ်ကူးများက စိတ်ကူးတွေထဲ ဖြစ်တည်ပြီး ပြန်ပျက်သုဉ်းရဆဲ
ဘယ်လိုနည်းနဲ့ ဘယ်လိုကုစားရမလဲ