Original key: F
Intro
Verse 1
မျက်လုံးစုံမှတ်ထားတယ် အတွေးထဲမှာ ငါဟာရွက်လွှင့်ကာㅤ
တိုက်ခတ်အရာ လေနဲ့မျောပါ ဖြစ်သမျှကို ငါဟာခေါင်းငုံ့ရင်းㅤ
မျောချင်ရာမျောပါနေ ရောက်နေတာ ဘယ်အရပ်မှန်းလည်းမသိ
ငါလေဘယ်ကမ်းကို ငါလိုက်ရှာနေ သမုဒ္ဒရာရေပြင်ကြီးထဲㅤ
Chorus
စိတ်ရွက်လှေ စိတ်ရွက်လှေငယ်စိတ်ရွက်လှေ စိတ်ရွက်လှေငယ်ㅤ
ကမ္ဘာမြေရဲ့ဟိုမှာဘက် မိုးကုတ်စက်ဝိုင်းရဲ့အလွန် ဘယ်ကမ်းမမြင်
ဘယ်လမ်းမမြင်တယ် စိတ်ရွက်လှေ စိတ်ရွက်လှေငယ်ㅤ
လေနှင်ခဲ့ မြင်ယောင်ဆဲ တစ်ယောက်တည်းပဲ စိတ်ရဲ့ခွန်အားနဲ့
Music
Verse 2
ခေါင်းမော့အပေါ်ကိုကြည့်တော့ ရုတ်တရက်ပျံထွက်သွားတဲ့ငှက်ငယ်ရေㅤ
မင်းလည်းဒီလိုပဲလား ရောက်တတ်ရာပျံသန်းရင်းㅤ
သမုဒ္ဒရာရေကြမ်းပြင်မှာလိုက်ရှာနေ အသိစိတ်မှုန်ဝါးနေ ဟေး
အကြောက်တရားဘယ်မှာရှိနေတယ် မသိမသာ ဒီလှေကြီးနဲ့ ㅤအိုး
Chorus
စိတ်ရွက်လှေ စိတ်ရွက်လှေငယ်ㅤ ㅤㅤစိတ်ရွက်လှေ စိတ်ရွက်လှေငယ်ㅤ
ကမ္ဘာမြေရဲ့ဟိုမှာဘက် မိုးကုတ်စက်ဝိုင်းရဲ့အလွန် ဘယ်ကမ်းမမြင်
ဘယ်လမ်းမမြင်တယ် စိတ်ရွက်လှေ စိတ်ရွက်လှေငယ်ㅤ
လေနှင်ခဲ့ မြင်ယောင်ဆဲ တစ်ယောက်တည်းပဲ ㅤစိတ်ရဲ့ခွန်အားနဲ့
Solo
မျောချင်ရာမျောပါနေ ရောက်နေတာဘယ်အရပ်မှန်းလည်းမသိ ငါလေ
ကမ်းကိုငါလိုက်ရှာနေ သမုဒ္ဒရာရေပြင်ကြီးထဲ ㅤအိုး အိုး ဝိုး ဝိုး
Chorus
စိတ်ရွက်လှေ စိတ်ရွက်လှေငယ်ㅤ ㅤㅤစိတ်ရွက်လှေ စိတ်ရွက်လှေငယ်ㅤ
ကမ္ဘာမြေရဲ့ဟိုမှာဘက် မိုးကုတ်စက်ဝိုင်းရဲ့အလွန် ဘယ်ကမ်းမမြင်
ဘယ်လမ်းမမြင်တယ် စိတ်ရွက်လှေ စိတ်ရွက်လှေငယ်ㅤ
လေနှင်ခဲ့ မြင်ယောင်ဆဲ တစ်ယောက်တည်းပဲ ㅤစိတ်ရဲ့ခွန်အားနဲ့
Music
မျက်လုံးစုံမှိတ်ထားတယ် အတွေးထဲမှာ ငါဟာရွက်လွှင့်ကာㅤ ㅤㅤ