Original key: G
Verse 1
မမြင်ရမဆုံရတဲ့ နေ့ရက်တွေ အတော်များကြာသွားခဲ့ပေါ့လေ
နင် ဘယ်ဆီဘယ်ဝယ် ရောက်နေတယ်မသိ
အချိန်တိုင်း နေ့တိုင်း အမြဲမဟုတ်တောင်
ကြုံကြိုက်တဲ့အကြောင်းလေးရှိရင်
တစ်ခါတစ်ခါ ငါလွမ်းမိပါတယ်
Verse 2
အရင်လို အချဉ်ထုပ်တွေ ကြိုက်တတ်တုန်းလား
လက်သည်းတွေကိုက်တတ်တုန်းလား
ကြံကြံဖန်ဖန် တွေးကာနေမိ
ဘတ်စ်ကားဂိတ်လေးလည်း ဟောင်းသွားပြီ
တယ်လီဖုန်းရုံလေးလည်း ပြောင်းသွားပြီ
အရင်လို ပုံရိပ်လေးများတွေ့တုန်းပဲ
Chorus
ပြီးခဲ့တာတွေ ပြီးပြီဆိုပေမယ့်
မမေ့တဲ့သူဟာ အလွမ်းသံသရာရှည်ဆဲ
ဖတ်လက်စဝတ္ထုလေး မဆုံးခင်ပျောက်သွားခဲ့သလို
လူရွှင်တော်ကံကြမ္မာ ဇာတ်ညွှန်းဆရာ
လူကိုကျီစယ်ချက် ကြမ်းခဲ့
ဘာရယ်ညာရယ် သေချာမသိဘဲ လွမ်းရတယ်
Muic
Verse 3
အရင်ကသူငယ်ချင်းများ တွေ့ဖြစ်ရင်
ဟိုစကား ဒီစကားများ ပြောဖြစ်ရင်
နင်ရယ် ငါရယ် အကြောင်းမပါမဖြစ်
ပဟေဠိတွေကြားထဲ ပိတ်မိတဲ့ငါ
ဘာသဲလွန်စမှ မထားခဲ့တဲ့နင်
ဘာရယ် ညာရယ် သေချာမသိတဲ့ ဇာတ်လမ်းတစ်ပုဒ်
Chorus
ပြီးခဲ့တာတွေ ပြီးပြီဆိုပေမယ့်
မမေ့တဲ့သူဟာ အလွမ်းသံသရာရှည်ဆဲ
ဖတ်လက်စဝတ္ထုလေး မဆုံးခင်ပျောက်သွားခဲ့သလို
လူရွှင်တော်ကံကြမ္မာ ဇာတ်ညွှန်းဆရာ
လူကိုကျီစယ်ချက် ကြမ်းခဲ့
ဘာရယ်ညာရယ် သေချာမသိဘဲ လွမ်းရတယ်
Solo
Chorus
ပြီးခဲ့တာတွေ ပြီးပြီဆိုပေမယ့်
မမေ့တဲ့သူဟာ အလွမ်းသံသရာရှည်ဆဲ
ဖတ်လက်စဝတ္ထုလေး မဆုံးခင်ပျောက်သွားခဲ့သလို
လူရွှင်တော်ကံကြမ္မာ ဇာတ်ညွှန်းဆရာ
လူကိုကျီစယ်ချက် ကြမ်းခဲ့
ဘာရယ်ညာရယ် သေချာမသိဘဲ လွမ်းရတယ်