Original key: D
Intro
Verse 1
မနေ့က ခမ်းနားတဲ့အတိတ်ကို ပြန်လိုချင်လို့မရ
မနေ့က ကြယ်တာရာတွေကို ပြန်ရင်ခုန်လို့မရ
လျှို့ဝှက်တဲ့ တံခါးတွေနောက်မှာ
Chorus 1
လက်ခုပ်တီးတဲ့အသံလား ရှုံ့ချဆဲဆိုခြင်းလား ခွဲခြားလို့မရ
လမ်းပြပေးမယ့်သူလား ချောက်နက်ထဲကို တိုးမလား ခွဲခြားမရ
ယုံကြည်နိုင်လောက်စရာကို ရှာနေဆဲပါ
Music
Verse 2
မနေ့က ပုခုံးထက်ကလက်တွေ ဒဏ္ဍာရီထဲမှာ
မနေ့က ကံဇာတာတွေကို အရောင်တင်လို့မရ မီးကျိုးမောင်းပျက်တွေကြားမှာ
Chorus 2
အရင်းအနှီးကြီးသွားတာလား ခရီးပဲဝေးနေလို့လား စဉ်းစားလို့မရ
ဖမ်းဆုပ်မရတဲ့အမှန်တရား ဆွံအတဲ့ခြေလှမ်းများ အလင်းမဲ့ည
ယုံကြည်နိုင်လောက်စရာကို ရှာမတွေ့သေးပါㅤ
Solo
Bridge
မှန်ရဲ့လား တန်ရဲ့လား ငါလွှတ်ချခဲ့သမျှ ငါပြန်ပြီးကောက်ရ
မှန်ရဲ့လား တန်ရဲ့လား ငါဖောက်ထုတ်ခဲ့သမျှ ငါပြန်ပြီးမော့ချ ပြီးမော့ချ
ယုံကြည်နိုင်လောက်စရာကို ရှာမတွေ့သေးပါㅤ ㅤ ㅤ
ယုံကြည်နိုင်လောက်စရာဟာ ဘယ်နားမှာ
ယုံကြည်နိုင်လောက်စရာကို ရှာမတွေ့သေးပါ
ယုံကြည်နိုင်လောက်စရာဟာ ဘယ်နားမှာ ဟား ဟာ ဟား
ㅤ ㅤမနေ့ကခမ်းနားတဲ့အတိတ်ကို ပြန်လိုချင်လို့မရ