Original key: F
Intro
Verse 1
ငါခေါင်းမော့မိ နာရီကြည့်တော့ သုံးချက်တီးနေပြီ
စကားလုံးမရှိတဲ့ မျက်နှာကျက်တစ်ခုအပေါ် ငါစောင့်ငဲ့ကာကြည့်
လည်လွန်းတဲ့ဘီး ချီးသင့်တဲ့အဖြစ်လို ငါကြုံနေပါပြီ
အို ဇာတ်သိမ်းမလှတဲ့ ဒီအလွမ်းဇာတ်မှာ ငါဟာမင်းသားကြီး
Pre Chorus
ဒီလိုမျိုး အဖြစ်လို နောက်ဘဝဆက်တိုင်း မကြုံပါရစေနဲ့ အရှင်ဘုရားရေ
ဒီလိုမျိုး နောက်ဆို ㅤအားနာတဲ့စကားမပြောလိုက်ပါနဲ့ ထားမှာသာထားသွားခဲ့ပါ
Chorus
ငါဆိုတာသူစိမ်းလား လိုအပ်တာပြော ဖြည့်ဆည်းပေးမယ် ငါဟာသဘောကောင်းပါတယ်
ငါဆိုတာ သူစိမ်းလား အားမနာနဲ့ ထွက်သွားလိုက်ပါ နင်ငါ့ဘေးက
Music
အခြေအမြစ်မရှိတဲ့ ငါလိုအကောင် နင့်အတွက် အလွမ်းတစ်ပုဒ်ရေးကာသီ
အနေအထားမသိဘဲ ငါလုပ်မိတော့ နင်ကငါ့ကိုရယ်
ခုံတန်းရှည်ကြီး ထိုင်ကြည့်မိတော့ စကားတစ်ခွန်းပြောပါသည်
အို ဇာတ်သိမ်းမလှတဲ့ ဒီအလွမ်းဇာတ်မှာ ငါကမင်းသားပဲတဲ့
Chorus
ငါဆိုတာသူစိမ်းလား လိုအပ်တာပြော ဖြည့်ဆည်းပေးမယ် ငါဟာသဘောကောင်းပါတယ်
ငါဆိုတာ သူစိမ်းလား အားမနာနဲ့ ထွက်သွားလိုက်ပါ နင်ငါ့ဘေးက
Solo
Pre Chorus
ဒီလိုမျိုး အဖြစ်လို နောက်ဘဝဆက်တိုင်း မကြုံပါရစေနဲ့ အရှင်ဘုရားရေ
ဒီလိုမျိုး နောက်ဆို အားနာတဲ့စကားမပြောလိုက်ပါနဲ့ ထားမှာသာထားသွားခဲ့ပါ
Chorus
ငါဆိုတာသူစိမ်းလား လိုအပ်တာပြော ဖြည့်ဆည်းပေးမယ် ငါဟာသဘောကောင်းပါတယ်
ငါဆိုတာ သူစိမ်းလား အားမနာနဲ့ ထွက်သွားလိုက်ပါ နင်ငါ့ဘေးက
Music
အားနာတဲ့စကားမပြောလိုက်ပါနဲ့ ထားမှာသာထား