Original key: Gb
Intro
Verse 1
အဝေးမှာမှုန်ပျ တိမ်သားတွေညိုမွဲလာ
စိုးရိမ်စိတ်များ ရောင်နီရယ် လာပါ့မလား
မျက်ရည်အိုင်များ ပေါက်ဖွားလာ မျက်ဝန်းများမှာ
ညည်းငိုသံများ ကမ္ဘာမကြား
လိမ်ညာနေတဲ့ နှုတ်ခမ်းများစွာ
Chorus
အမှန်တရားလည်း နွံနစ်ခဲ့ပြီ နိမ့်ကျနေတဲ့ မျှော်လင့်ချက်များ
ကယ်မမယ့်သူလည်းမရှိနိုင် လမ်းပျောက်ပြီလား
မီးလျှံများ တစိမ့်စိမ့်လောင်ကျွမ်း လေတိုက်ခတ်ရာ
ငရဲဘုံအလား ပြေးလွှားနေတဲ့ ခြေထောက်မှာ ကျည်စက်ရာ
တံလျှပ်များ ပူလောင်နေဆဲ Civil War
Music
Verse 2
ကတိတွေပြယ်လျ ကမ္ဘာဖျက်သူတွေရဲ့ကြားမှာ
ပန်းတွေကိုယ်စား ကျည်ဆံတွေသာ အစားထိုးလာ
အမုန်းတွေရဲ့ကြား ပြုံးနေတဲ့ကလေးများစွာ
ညည်းငိုသံများငါကြား မြေစာပင်တွေပေါက်ဖွားရာ
Chorus
အမှန်တရားလည်း နွံနစ်ခဲ့ပြီ နိမ့်ကျနေတဲ့ မျှော်လင့်ချက်များ
ကယ်မမယ့်သူလည်းမရှိနိုင် လမ်းပျောက်ပြီလား
မီးလျှံများ တစိမ့်စိမ့်လောင်ကျွမ်း လေတိုက်ခတ်ရာ
ငရဲဘုံအလား ပြေးလွှားနေတဲ့ ခြေထောက်မှာ ကျည်စက်ရာ
တံလျှပ်များ ပူလောင်နေဆဲ Civil War
Bridge
ကစားပွဲလား တကယ်မှားခဲ့သလား
နောက်လှည့်ကြည့်ပါ ရမယ်သင်ခန်းစာ
အဆုံးသတ်မလှ စစ်မီးလျှံများ
Solo
Chorus
( မီးလျှံများ တစိမ့်စိမ့်လောင်ကျွမ်း လေတိုက်ခတ်ရာ
ငရဲဘုံအလား ပြေးလွှားနေတဲ့ ခြေထောက်မှာ ကျည်စက်ရာ
တံလျှပ်များ ပူလောင်နေဆဲ )
Civil War
Ending