
ပြည့်တန်ဆာ
Intro
Verse 1
အို ကမ္ဘာကြီးရယ်
သင်သတိမေ့နေတာလားကွယ်
လူတွေနဲ့ခဏတာ
အိပ်စက်ဖူးတဲ့သူကို
ဘယ်သူလည်းလို့ မေးတယ်
Verse 2
ဖြေကြတယ် သူကကွယ်
အသပြာပေးလို့ရပါတယ်
သင်လိုအင်ဆန္ဒပြည့်ဝဖို့
သူဖြည့်ဆည်းပေးလိမ့်မယ်
Pre-Chorus
ခံစားမှုတွေကို
ခဏဘေးဖယ်ထားတယ်
စဉ်းစား တွေးတောနေတာတွေဟာ
နွားခြေရာခွက်ငယ်
Chorus
ပြည့်တန်ဆာလို
အပြစ်အနာအဆာတော့
မရှိဘူးပေါ့လေ
ဒါပေမယ့်ဆိုလိုရင်းအဓိပ္ပါယ်
အတူတူ ချင်းပဲလေ
မထူးခြားတယ် ဘဝနဲ့ပဲ
အားလုံး ခဏတာတွေပဲလေ
music
Verse 2
ဤ ကမ္ဘာကြီးထဲ
လူတွေသန်းပေါင်းများစွာရယ်
အတူတူရှင်သန်နေထိုင်
ပေါက်ဖွားရင်းနဲ့
အသက်ရှင်နေ ကြတယ်
Verse 3
ဒီလိုပဲကွယ် ကမ္ဘာကြီးရယ်
သင်သတိမထားမိလိုက်ပါတဲ့
ဒီလူတွေဟာလည်း
သင့်အရိပ်အောက်မှာ
ခဏ လာပျော်ပါးတယ်
ဝင်လာပြီး သိပ်မကြာဘဲ
လာရာလမ်း ပြန်လှည့်သွားတယ်
စဉ်းစားရင်းနဲ့ မြင်ယောင်လာတယ်
သင်လည်း ပြည့်တန်ဆာပဲ
Chorus
ပြည့်တန်ဆာလို
အပြစ်အနာအဆာတော့
မရှိဘူးပေါ့လေ
ဒါပေမယ့်ဆိုလိုရင်းအဓိပ္ပါယ်
အတူတူ ချင်းပဲလေ
မထူးခြားတယ် ဘဝနဲ့ပဲ
အားလုံး ခဏတာတွေပဲလေ
Speed1.0x
Key0