Original key: E
Intro
Verse 1
မင်နီ မင်နက်တွေ သားရေပေါ် သွတ်သွင်းထိုးလို့
ကျောဘက် လက်ပြင် ရင် ခန္ဓာကိုယ်အနှံ့ လှစေဖို့
စာနီ စာနက်များ စီရီကာ အင်းကွက် အက္ခရာ
ရောစပ်ခဲ့သည့် တစ်ခါ နောင်ပြင်နိုင်ဖို့ခက်တဲ့
မင်သေ့မင်သေ့ဟင်းမင်သေ့
Verse 2
ဂုဏ်ရည်မတူတဲ့အရာ အံကိုကြိတ်ခဲရင်းနဲ့
သွေးရဲရဲ နီစေ မဟာယောကျ်ား မြန်မာ့ဘသား
ဂုမ္ဘာန် နတ်ဘီလူးများ စာရံတွေထဲ ပြေးလွှားကာ
ငုံးငှက်နဲ့ ကြောင်တွေ စီရီကာရေးဆွဲတဲ့
မင်သေ့မင်သေ့ဟင်းမင်သေ့
Pre Chorus
သမိုင်းတွင်မလား ကမ္ဘာတည်သရွေ့ ဆေးစက်များရှိရာ
ပညတ်ထား ရာဇဝင်နဲ့ ကျမ်းဂန်များရဲ့အလာ
အလှဆင်ကြ ဇာနည်ဖွား သတ္တိခဲများစွာ ထင်ရှား
Chorus
မင်သေ့ ဒဏ္ဍာရီတွေ ဂန္တဝင်တွင်စေ ခမ်းနားခြင်းများရဲ့အမွေ
မင်သေ့ပုံပြင်တွေ ထင်ကျန်စေ မဟူရာဆေးစက်တွေ
Music
Verse 1
မင်နီ မင်နက်တွေ သားရေပေါ် သွတ်သွင်းထိုးလို့
ကျောဘက် လက်ပြင် ရင် ခန္ဓာကိုယ်အနှံ့ လှစေဖို့
စာနီ စာနက်များ စီရီကာ အင်းကွက် အက္ခရာ
ရောစပ်ခဲ့သည့် တစ်ခါ နောင်ပြင်နိုင်ဖို့ခက်တဲ့
မင်သေ့မင်သေ့ဟင်းမင်သေ့
Pre Chorus
သမိုင်းတွင်မလား ကမ္ဘာတည်သရွေ့ ဆေးစက်များရှိရာ
ပညတ်ထား ရာဇဝင်နဲ့ ကျမ်းဂန်များရဲ့အလာ
အလှဆင်ကြ ဇာနည်ဖွား သတ္တိခဲများစွာ ထင်ရှား
Chorus
မင်သေ့ ဒဏ္ဍာရီတွေ ဂန္တဝင်တွင်စေ ခမ်းနားခြင်းများရဲ့အမွေ
မင်သေ့ပုံပြင်တွေ ထင်ကျန်စေ မဟူရာဆေးစက်တွေ
Solo
: :

Ending