
ညို့မျက်ဝန်း
Original key: C
INTRO
VERSE
နောက်လှည့်အကြည့်တစ်ချက်ဆိုသာရုံလေးညှို့မျက်ဝန်းရှင်ရယ်
မင်းပေးသွားတဲ့အရင်ဝေဒနာလည်းစက္ကန့်ရွေ့အမျှပါပဲ
ကလေးငယ်လိုလိုလားမှုများစွာနဲ့ရယ်
တောင်းခံသူကို
အချစ်တစ်ခြမ်းတစ်ဖဲ့ဖြစ်ဖြစ်စေတနာသဒ္ဒါသလောက်မျှခဲ့ပါ
အချစ်လမ်းတစ်ဝက်ဖြစ်ဖြစ်ကြင်နာနိုင်သလောက်ရွေ့လှမ်းပါ
အချစ်ပန်းတစ်ဝက်ဖြစ်ဖြစ်စာနာနိုင်သလောက်စွန့်ခဲ့ပါ
PRECHORUS
နားနဲ့မနာဖဝါးနဲ့မနာနှလုံးသားနဲ့နာတော်မူပါ
ပြောလှည့်ပါဟောလှည့်ပါအချစ်တရားတစ်ပုဒ်နာလိုသူမှာ
အတွေးများစွာပေးထားတာအရှုံးအမြတ်အတွက်မရေရာသူမှာ
CHORUS
နေလောင်ပန်းတို့ရဲ့ငိုရှိုက်သံနဲ့အတူ
ရော်ဝါရွက်တို့ရဲ့ညှိုးငယ််စိတ်နဲ့အတူ
မြေစာမြက်တို့ရဲ့သိမ်ငယ်မှုနဲ့ထပ်တူ
တစ်ပြည်ကွာအနမ်းတို့ရဲ့ဝေးကွာခြင်းနဲ့အတူ
ဒီလူမှာသာဆုံးရှုံးနေမှာပဲလေ
ဆုံးကာရှုံးကာသာနေမှာပဲလေ
ဆုံးရှုံးနေမှာပဲလေ
အမြဲအစဉ်ရှုံးကာသာနေမှာပဲလေ
အမြဲရှုံးနေမှာပဲလေအချစ်ရေ
INSTRUMENTAL
VERSE
အသည်းခွင်းမြှားချက်ရင်လယ်ဗဟို၌စူးစိုက်ခဲ့ပြီကွယ်
အပြုံးဝင့်တစ်ချက်ကရင်ကိုတစ်ပါတည်းသိမ်းပိုက်သွားပြီကွယ်
စိတ်အစဉ်ရယ်တစ်ပါးတည်းနဲ့လိုက်ပါသွားတယ်
ညှို့ပိုင်သူရယ်
အရှင့်ပခုံးနုထက်မှအပြာရောင်လွယ်အိတ်လေးဖြစ်ပါရစေ
အရှင့်ဖဝါးနုအောက်မှကတ္တီပါဖိနပ်လေးဖြစ်ပါရစေ
အရှင့်ဦးထိပ်ထက်မှငွေရောင်ဆံညှပ်ကလေးဖြစ်ပါရစေ
PRECHORUS
နားနဲ့မနာဖဝါးနဲ့မနာနှလုံးသားနဲ့နာတော်မူပါ
ပြောလှည့်ပါဟောလှည့်ပါအချစ်တရားတစ်ပုဒ်နာလိုသူမှာ
အတွေးများစွာပေးထားတာအရှုံးအမြတ်အတွက်မရေရာသူမှာ
CHORUS
နေလောင်ပန်းတို့ရဲ့ငိုရှိုက်သံနဲ့အတူ
ရော်ဝါရွက်တို့ရဲ့ညှိုးငယ််စိတ်နဲ့အတူ
မြေစာမြက်တို့ရဲ့သိမ်ငယ်မှုနဲ့ထပ်တူ
တစ်ပြည်ကွာအနမ်းတို့ရဲ့ဝေးကွာခြင်းနဲ့အတူ
အရှင်ပိုင်ဆိုင်ရာအသည်းရစ်ပလ္လင်တော်ထက်မှာ
မနှေးအမြန်စတေးခံကာနေမှာပဲလေ
အသည်းရစ်ပလ္လင်တော်ထက်မှာ
ဆုံးကာရှုံးကာသာနေမှာပဲလေ
ဆုံးရှုံးနေမှာပဲလေအချစ်ရေ
ENDING
Speed1.0x
Key0