Original key: F#/Gb
Intro
Verse 1
မင်း နာမည်လေးနဲ့
ဘုရားမှာ ရေချမ်းသပ္ပါယ်
ကိုယ်ရည်စူးတဲ့ ကုသိုလ်တွေ
ကမ္ဘာတစ်ဖက်ခြမ်းက အေးမြစေ
မေတ္တာပို့တိုင်းလည်း
မင်းကို အစ်ကိုသတိရတယ်
ဘယ်ဆီများ မင်းရောက်နေမလဲ
နေနိုင်လွန်းတဲ့ သူစိမ်းလေးရယ်
မပိုင်ဆိုင်နိုင်ခဲ့တဲ့ မင်းကိုလေ
ငိုယိုကာဆွဲ မထားခဲ့တော့ဘူး
ကိုယ်လိုလူမျိုးထက်ကောင်းနိုင်မယ့်
လူကိုသာမင်းရွေးလိုက်ပါတော့...
ပြုပြုသမျှကုသိုလ်တွေမင်းအတွက်ပေးတယ်
နောက်ဘဝတော့ ဖြစ်နိုင်ရင်
ဒါဟာဝဋ်ကြွေးဆိုလည်း အငြှိုးရှိသမျှ ကျေ
ကိုယ်ဟာချစ်ပြီဆိုလည်း ပေါင်းဖက်ပါရစေ
ချည်နှောင်မိတဲ့ မေတ္တာတွေ
ကိုယ်ပြန်လွတ်မြောက်ရပါစေ
Music
Verse 2
အသည်းမာတဲ့ မင်းနဲ့
မခွဲခွါနိုင်သေးတဲ့ ကိုယ်
နှစ်ကိုယ်တူရှိတဲ့ ရှေးရေစက်..
ကံကအကျိုးပေး နည်းခဲ့တယ်
ဖြစ်လေရာ ဘဝတိုင်းလည်း
စွန့်ပယ်ခံရခြင်းတွေ
လူအချင်းချင်း လှည့်ပတ်ခြင်း...
ထာဝစဥ် ကင်းဝေးခဲ့ပါရစေ
မပိုင်ဆိုင်နိုင်ခဲ့တဲ့ မင်းကိုလေ
ငိုယိုကာဆွဲ မထားခဲ့တော့ဘူး
ကိုယ်လိုလူမျိုးထက်ကောင်းနိုင်မယ့်
လူကိုသာမင်းရွေးလိုက်ပါတော့...
ပြုပြုသမျှကုသိုလ်တွေမင်းအတွက်ပေးတယ်
နောက်ဘဝတော့ ဖြစ်နိုင်ရင်
ဒါဟာဝဋ်ကြွေးဆိုလည်း အငြှိုးရှိသမျှ ကျေ
ကိုယ်ဟာချစ်ပြီဆိုလည်း ပေါင်းဖက်ပါရစေ
ချည်နှောင်မိတဲ့ မေတ္တာတွေ
ကိုယ်ပြန်လွတ်မြောက်ရပါစေ