
မခူးရက်ခဲ့ပါ
Original key: G#
INTRO
VERSE
တစ်ဖက်သတ်အချစ်ဟာ ခါးတယ်
ဆိုရိုးရှိခဲ့သော်လည်း
မင်းဟာငါ့အတွက် ပျားရည်လိုပဲ
ချိုမြိန်တယ်
အကိုင်းမြင့်မြင့်မှာ ပွင့်ဖူးကွယ်
မင်းကြွေကျရင်
အောက်မှာအဆင်သင့်လေးခင်းထားပါ့မယ်
မခူးရက်ခဲ့ပါ ပန်းကလေးရယ်
CHORUS
ငါ့မှာမင်းအသံလေးကိုကြားရင် ရူးခါနေဆဲ
မင်းရဲ့အနားမှာအရိပ်လိုအမြဲခိုလိုက်နေချင်လဲပဲ
Babe
မင်းငါ့ကိုချေမိုးပြီးတော့ ရှောင်ဖယ်နေဆဲ
ချစ်တဲ့အကြောင်းတွေ
ဖွင့်ပြောပြဖို့ကြိုးစားနေလဲ
မင်းအရှေ့ရောက်ရင်
အလိုလိုငါဟာဆွံ့အသွားခဲ့တယ်
မခူးရက်ခဲ့ပါ ပန်းကလေးရယ်
SOLO
VERSE
စိမ်းရက်လိုက်လေအား
အရူးတစ်ယောက်လို မြင်သလားလေ ငါ့ကို
ရင်ထဲကအချစ်တွေ ငါပေးထားလဲ
မင်းမလိုချင်
ဒီလောကကြီးက မတရားသော်လည်း
အနည်းဆုံးတော့
ငါမင်းကိုကြွေခွင့်လေးတော့ရှိခဲ့တယ်
သို့ပေမယ့် အိပ်မက်ကလေးဝေးဆဲပဲ
CHORUS
ငါ့မှာမင်းအသံလေးကိုကြားရင် ရူးခါနေဆဲ
မင်းရဲ့အနားမှာအရိပ်လိုအမြဲခိုလိုက်နေချင်လဲပဲ
Babe
မင်းငါ့ကိုချေမိုးပြီးတော့ ရှောင်ဖယ်နေဆဲ
ချစ်တဲ့အကြောင်းတွေ
ဖွင့်ပြောပြဖို့ကြိုးစားနေလဲ
မင်းအရှေ့ရောက်ရင်
အလိုလိုငါဟာဆွံ့အသွားခဲ့တယ်
Oh No ဘယ်လိုလုပ်မလဲကွယ်
CHORUS
ကျန်းမာရေးကိုဂရုစိုက်ပါ မသက်ဆိုင်ပေမယ့်
အပြင်သွားရင်ထီးယူသွားပါခလေးရယ်
မိုးရေစိုလိမ့်မယ်
Babe စိတ်ပူတယ်
အခြားသူဘက်ကိုပါးပြင်အပ်ကာ မင်းပျှော်ရွှင်လဲ
အဝေးကငေးကာ
အချစ်တွေသိုဝှက်ပြီးသိမ်းထားပါ့မယ်
မခူးရက်ခဲ့ပါ ပန်းကလေးရယ်
မခူးရက်ခဲ့ပါ
ပန်းကလေးရယ်
ENDING
Speed1.0x
Key0