
အနီးဆုံးလူ
Intro
Verse 1
နတ်သမီးလေးမိုးမြင့်စံနန်းထက်မှာ
ရောင်စုံခြယ်ပန်းခင်းလေးထဲနင်အိပ်စက်ပါနော်
ကြင်နာသူအိပ်မက်လှလှမက်ဖို့ရာ
ကိုယ်ဟာသီချင်းလေးများနဲ့ချော့သိပ်မှာ
ယုံကြည်စိတ်ချမှေးစက်ပေါ့အချစ်ရဲ့
အနီးဆုံးလူပါ
Verse 2
မငိုပါနဲ့ ဒုက္ခနဲ့ ကြုံတွေ့တဲ့အခါ
ရင်ဆိုင်မယ်အားတင်းထားပေါ့အချစ်အားတင်းပါနော်
ဒီအချိန်ဘယ်သူ့မှမင်းဘက်မရှိတဲ့အခါ
ကိုယ်တစ်ယောက်ထဲပဲမင်းသတိရပါ
ယုံကြည်အားကိုးလိုက်ပေါ့ အချစ်ရဲ့
အနီးဆုံးလူပါ
Chorus
နေချင်နေတာမင်းလေးအနားမှာ
ရင်ဆိုင်မယ်အဆိုးဆုံးဒုက္ခဆိုတာ
တုန်ရီနေတဲ့ ချစ်သူ့လက်ကိုကိုင်ဆွဲကာ
မြင်ချင်နေတာမင်းအပြုံးလေးတစ်ခုသာ
ဝေဒနာတွေပျောက်မယ့်ဆေးတစ်ခွက်ပါ
အရာရာမင်းအတွက်ပဲပေါ့ချစ်သူ
လိုအပ်တိုင်းပေါ့ကိုယ်ဟာအနီးဆုံးချစ်ရသူပါ
Solo
V1+V2+Chorus x 2
Speed1.0x
Key0