Original key: Ab
Intro
Verse 1
ငါဟာ ပျော်သလိုနေခဲ့တော့ အမှားတွေနဲ့
လည်ပင်းဖက်ပြီး ငါပေါင်းသင်းခဲ့တာ နှစ် ၃၀ ပေါ့
ငါဟာ လူမိုက်တစ်ယောက်ပေါ့
သံသရာဆိုတာ မသိသေးတော့ ဗုဒ္ဓရဲ့ လမ်းညွှန်မှုနဲ့
ကင်းဝေးခဲ့တာ နှစ် ၃၀ ပေါ့
ငါဟာ လူမိုက်တစ်ယောက်ပေါ့
Pre Chorus
မမြဲခြင်းတရားတွေ ဘုရားဟောပေမယ့်
မရင့်ကျက်နိုင်ပဲ ငါတွယ်ငြိခဲ့
ဒီအချိန်မှာတော့ လူနာ ကုတင်အမှတ် ၁၈ မှာ
နောင်တရကာ နာကျင်နေတာ
Chorus
မြင့်မြတ်တဲ့ ဘုရားရှိတယ် ငါ့အတွက်ခုမှသိတယ်
ငါသေရင် ဘယ်ကိုသွားမလဲ ငါ့မိုက်ပြစ်တွေ
ဘီးအဖြစ်အသွင်ပြောင်းကာ ခေါ်ဆောင်မှာငရဲ
ချော့သိပ်မှ အိပ်တတ်တယ် ဟိုးတုန်းက ကလေးဘဝရယ်
ပြန်လည်ကာ လိုချင်မိတယ် ငါဒီကုတင်လေးမှာ
နာကျင်ရင်းသာ ထွက်သွားမှာပါ
Solo
Verse 2
အရာရာ ငါချန်ရစ်သွားဖို့ နီးလာ နီးလာတဲ့ အချိန်မှ
အကုန်ဝိုင်းပြောကြတယ် ထွက်သွားပါတော့
ငါဟာလူမိုက်တစ်ယောက်မို့
ငိုသံတွေ ဆူညံနေလွန်းလို့
ဘေးကုတင်က လူတစ်ယောက် သေဆုံးချိန်
ဝိုင်းပြောကြတယ် သိပ်နှမျောစရာပေါ့
သူဟာ လူကောင်းတစ်ယောက်မို့
Pre Chorus 2
ဟိုး ငါဆိုးသွမ်းခဲ့တယ် ဟိုးအတိတ်နေ့ထဲ
အမေ့မျက်ရည်တစ်စက်ကို ဒီအချိန်ငတ်ခဲ့
ငိုသူမရှိသော လူနာကုတင်အမှတ် ၁၈ မှာ
နောင်တရကာ နာကျင်နေတာ
Chorus
မြင့်မြတ်တဲ့ ဘုရားရှိတယ် ငါ့အတွက်ခုမှသိတယ်
ငါသေရင် ဘယ်ကိုသွားမလဲ ငါ့မိုက်ပြစ်တွေ
ဘီးအဖြစ် အသွင်ပြောင်းကာ ခေါ်ဆောင်မှာငရဲ
ချော့သိပ်မှ အိပ်တတ်တယ် ဟိုးတုန်းက ကလေးဘဝရယ်
ပြန်လည်ကာ လိုချင်မိတယ် ငါဒီကုတင်လေးမှာ
နာကျင်ရင်းသာ ထွက်သွားမှာပါ
ငါဒီကုတင်လေးမှာ
နာကျင်ရင်းသာ ငါထွက်သွားမှာပါ
Ending