Original key: F
Intro
Verse 1
ရင်ထဲမှာငိုနေတယ် မိန်းကလေးရေ အားလုံးပြီးသွားခဲ့ပေမယ့်
ပြန်မလာမယ့်လမ်းဟာ ငြိမ်သက် တိတ်ဆိတ်လို့နေတယ်
သစ်ရွက်ကျကြွေ ခြေသံများလား အတူနေခဲ့ဖူးတဲ့ အိမ်ကလေးထဲမှာ
ခွင့်လွှတ်ခြင်းဆိုတဲ့ အခန်းလေး ရှိသေးတယ်ㅤㅤ
Verse 2
ကျေနပ်စွာခံယူမယ် မိန်းကလေးရယ်
အို မင်းရဲ့လှည့်ကွက်များစွာထဲ သာယာနေတတ်သူ
ယုံစားစိတ်ချမိပါတယ် အချစ်ကအသိအာရုံကိုဖုံးကွယ်
သူဆန္ဒပြည့်အောင် ဆော့ကစားပြီးတော့ အပြစ်တွေဖွဲ့ကာ
အဝေးကို ပြေးထွက်သွားလေတယ်
Chorus
မွှေးပျံ့တဲ့ကိုယ်သင်းရနံ့လေးတွေ အခုထိပြယ်လွှင့်မသွားပဲ
ထွက်သက်ဝင်သက်တိုင်း သတိရစရာတွေဖြစ်နေတယ်
မင်းကိုယ့်အပေါ်ခြွေတဲ့ အမုန်းတွေ လက်ထဲမှာပွေ့ကာရှိုက်နမ်းရင်းနဲ့
ဒီညနေလည်း ကိုယ်မျက်ရည်ကျရဦးမှာပဲ
Solo

လက်ထဲမှာပွေ့ကာရှိုက်နမ်းရင်းနဲ့
ဒီညနေလည်း ကိုယ်မျက်ရည်ကျရဦးမှာပဲ