Original key: E
Intro
Verse 1
ခေါင်းညိတ်ပစ်လိုက် စီစဉ်သူမိဘသဘောအတိုင်း
နင်ထားပစ်ခဲ့လိုက် နေရစ်ခဲ့ပါ့မယ်
ဆင်ကိုစီးကာ မြင်းရံလိုက် ငွေပုံပေါ်စံစားလိုက်
အသည်းမရှိတဲ့လူမိုက်လို့ နင်စွပ်စွဲသွားလိုက်လေ
နင်ကောင်းစားဖို့အရေးကိုမျက်ကွယ်ငါပြုလို့
အတ္တတံဆိပ်ကပ်လို့ မစဉ်းစားနိုင်ဘူးဟေ့
နင်ကြာရင်သိလာမယ် ဒီအချိန်ငါလွန်တယ်
Chorus 1
ဘာမှထပ်ပြီး မမျှော်လင့်ချင်တော့ဘူးလေ
ဒီဘဝဒီမျှလို့ပဲ နင်ဖြေသိမ့်လိုက်လေ
တို့အတိတ်နေ့ရက်လေး ပြန်မလိုချင်နဲ့လေ
နောက်တစ်ယောက်လက်မှာ ပျော်ရွှင်ခြင်းများရပါစေ
ကမ္ဘာကြီးပေါ်ကအလှဆုံးနေရာလေးတွေ
သူနဲ့ဆက်ပြီးလျှောက်သွားကာ ပျော်ပါးလိုက်လေ
ငါချစ်တဲ့မင်းကိုလေ အရောင်မမှိန်ချင်ဘူးလေ
စိတ်လျှော့လိုက်ပါ ကြာရင်သွေးအေးသွားမယ်လေ
Solo
Verse 2
နင်အားလုံးရဲ့အကြိုက် ထည်ဝါစွာ လမ်းလျှောက်သွားခိုက်
ငါဟာအသည်းကွဲဇာတ်လိုက် တစ်ဝက်ပဲပြုံးတော့မယ်
ဒီမင်္ဂလာပွဲမှာ မင်းသာမိုက် ကျန်တာတွေငါလည်းမကြိုက်
သတို့သားနဲ့မလိုက် နင်ထွက်ပြေးသွားခဲ့တယ်
တစ်ခြားတစ်ယောက်ရင်ထဲကို သွားမယ့်ခြေလှမ်းတို့
မင်းဆုံးဖြတ်ချက်နဲ့ နောက်လှည့်ပြန်ပြေးခိုက်
ပေတစ်ရာလမ်းပေါ်ဝယ် နင်ငြိမ်နေပါတယ်
Chorus 2
ဘာမှထပ်ပြီး မမျှော်လင့်နိုင်တော့ဘူးလေ
ငါ့အမှားတွေကြောင့် နင်သွေးတွေ အပြင်ထွက်လို့နေ
တို့အတိတ်နေ့ရက်လေး ပြန်မရတော့ဘူးလေ
နောက်ဘဝကျရင် နင်ဒီလိုဘေးမျိုးကင်းပါစေ
ကမ္ဘာကြီးပေါ်က အလှဆုံးနေရာလေးတွေ
နင်မသွားချင်မှန်း ငါမသိတာ ငါ့အပြစ်လေ
အို ငါ့ရဲ့ချစ်သူလေး အရာရာငြိမ်သက်ချိန်
အချစ်စစ်တစ်ခုကို သေချာစွာဆုံးရှုံးခဲ့ပြီလေ
နောက်ဘဝကျရင် နင်ဒီလိုဘေးမျိုးကင်းပါစေ