မချစ်ရဘူးတဲ့လား
Intro
Verse 1
ချစ်မိတာ ကိုယ့်အမှားလား
မင်းအမုန်းတွေ ရုတ်သိမ်းပေးပါ
ပြုံးမပြတော့ဘူးလား လမ်းတွေ့ချိန်တိုင်းမှာ အိုး
စည်းမစောင့်သလို ဖြစ်သွားလား
မျိုသိပ်နိုင်စွမ်းမရှိလို့ပါ ဟေး
သတ္တိရှိလို့ရှေ့တိုးတာ မဟုတ်ရပါ နင်နားလည်မှာပါ
Chorus
မနေနိုင်လွန်းလို့ အရဲစွန့်ပြောမိတာပါ
နင်ပြန်ပေးတဲ့ဆုက အမုန်းတစ်ခုပဲလား
နေ့တိုင်း နင်မသိပဲရူးခဲ့တာ
သူငယ်ချင်းမို့ ချစ်သူမဖြစ်တော့ဘူးတဲ့လား
အနေကြာလာတော့ စိတ်ကမရိုးသားလာ
နင်ဟာကြိုးချင်းငြိဖို့ လမ်းပြသူပါ
မြတ်နိုးစွာချစ်တယ်လို့ ဖွင့်ပြောမိတဲ့ငါ့အဖြစ်ကို
မတန်ဘူးလို့ ပြောကာစွန့်ပစ်ခဲ့လေသလား
Solo
Verse 2
မပတ်သတ်ချင်တော့ဘူးလား
ဟိုးအတိတ်ကို ပြန်တွေးကြည့်ပါ
ကလေးဘဝအရွယ်ကတည်းက ခိုးလွမ်းနေရတာ ဟူး
စည်းမစောင့်သလို ဖြစ်သွားလား
မျိုသိပ်နိုင်စွမ်းမရှိလို့ပါ ဟေး
သတ္တိရှိလို့ရှေ့တိုးတာ မဟုတ်ရပါ နင်နားလည်မှာပါ
Chorus
မနေနိုင်လွန်းလို့ အရဲစွန့်ပြောမိတာပါ
နင်ပြန်ပေးတဲ့ဆုက အမုန်းတစ်ခုပဲလား
နေ့တိုင်း နင်မသိပဲရူးခဲ့တာ
သူငယ်ချင်းမို့ ချစ်သူမဖြစ်တော့ဘူးတဲ့လား
အနေကြာလာတော့ စိတ်ကမရိုးသားလာ
နင်ဟာကြိုးချင်းငြိဖို့ လမ်းပြသူပါ
မြတ်နိုးစွာချစ်တယ်လို့ ဖွင့်ပြောမိတဲ့ငါ့အဖြစ်ကို
မတန်ဘူးလို့ ပြောကာစွန့်ပစ်ခဲ့လေသလား
Outro
Speed1.0x
Key0