Original key: G
Intro
Verse 1
ဝေးဝေးကငေးတော့မယ် ပျော်ရာကိုသွားလိုက်တော့ချစ်သူရယ်
အရာရာအသစ်ထွက်တဲ့ခေတ်ကြီးထဲ ငါသာဖုန်တက်ခဲ့တယ်
ဟောင်းပေမယ့် ကောင်းနေဆဲပါအချစ်ရယ်
Verse 2
နှလုံးသားစစ်စစ်နဲ့ကွယ် ငါကိုယ်တိုင်သီဖွဲ့ခဲ့ မင်းအတွက်ကဗျာတွေ
နင်မကြိုက်ဘူးလို့ လွယ်လွယ်ပြောခဲ့ နင်တကယ်ကြွေတာအပေါစားပဲ
ခေတ်နောက်ပြေးလိုက်သော်လည်း စာမဖတ်တယ် ငါသိပ်ချစ်တဲ့အချစ်ရယ်
Chorus
ပေါ်ပင်အလယ်မှာ ဂေါ်ချင်တဲ့သူ ရွှေရုပ်လေးရယ်
အဆင်းရှိတဲ့ဖက်ကို အလေးပေးသူ အချင်းရှိတဲ့ဖက်နင်မပျော်ပါးဘူး
အသွင်မတူတာတွေ အမြင်မတူတာတွေများလွန်းတယ်
တကယ်ဆို ပြဒါးတစ်လမ်းသံတစ်လမ်းပဲ ငါတို့နှစ်ဦးဝေးမှကောင်းပါတယ်
Music
Verse 3
ငါ့ဘဝနဲ့ရင်းပြီးကွယ် နင်လိုတာပေးခဲ့သမျှ အလိုမပြည့်နိုင်ခဲ့
ရင်ဘတ်ထဲကအဖြူရောင်များလည်း ကြာရင်ညစ်ထေးတော့မယ်
အမုန်းမရှိပဲနေခဲ့ပါတော့မယ်အချစ်ရယ် နင်အဝေးသွားလိုက်တော့ကွယ်
Solo

Ending