Original key: D
Intro
Verse 1
မကြာမီ ရောင်နီလာတော့မည်
အပြင်မှာထိုင်နေတာတောင် ကြာသွားပြီ
အရင်လိုအချိန်အခါကိုစောင့်
ဝင်လာပါ ခေါ်သူတစ်ယောက် မေ့တတ်ပြီ
Verse 2
ဟိုအရင်အချိန်တွေ ပြန်တွေးကြည့်
သာတယ်နာတယ်မလိုဘူး အချစ်သာရှိ
အတူတူ ရင်ဆိုင်ဖြတ်သန်း
အချိန်တွေမြင်ယောင်ကြည့်စမ်း လွမ်းတတ်ရင်
Chorus
နင်ဖြစ်ချင်တာနဲ့ နင်ရေးတဲ့ဇာတ်လမ်း အဆုံးသတ်ဟာ
ငါဖြစ်နေတာနဲ့တော့ အဆင်တွေပြေမနေပါဘူးလေ
အချိန်တန်ရင်နေသားကျပြီး အဆင်ပြေသွားမှာပါတဲ့လား
ဒါမင်းစိတ်ဓါတ်ပဲ ပုံမှန်အတိုင်း ငါချစ်နေမယ်
Solo
Verse 3
အကြင်နာကို အရောင်တွေ နင်ဆိုးရင်
ငါနာကျင်မှာပေါ့ ကိုယ်ချင်းစာကြည့်
မလိုချင်ရင်တော်ယူပါ ဒီလူရင်မှာ
အချစ်များ အဖြူသက်သက်လေ
ဘယ်ဆိုဘယ်ကိုမှမသွားချင်
Couple Dress လေး အထီးကျန်ပြီ
အရင်လိုအချိန်အခါကိုစောင့်
ဝင်လာပါခေါ်သူတစ်ယောက် စိမ်းကားပြီ
Chorus
နင်ဖြစ်ချင်တာနဲ့ နင်ရေးတဲ့ဇာတ်လမ်း အဆုံးသတ်ဟာ
ငါဖြစ်နေတာနဲ့တော့ အဆင်တွေပြေမနေပါဘူးလေ
အချိန်တန်ရင်နေသားကျပြီး အဆင်ပြေသွားမှာပါတဲ့လား
ငါ့နားခါးသော်လည်း ပုံမှန်အတိုင်းငါချစ်ပါမယ်
Chorus
နင်ဖြစ်ချင်တာနဲ့ နင်ရေးတဲ့ဇာတ်လမ်း အဆုံးသတ်ဟာ
ငါဖြစ်နေတာနဲ့တော့ အဆင်တွေပြေမနေပါဘူးလေ
အချိန်တန်ရင်နေသားကျပြီး အဆင်ပြေသွားမှာပါတဲ့လား
ငါ့နားခါးသော်လည်း ပုံမှန်အတိုင်းငါချစ်ပါမယ်
Ending