Original key: C
Intro
Verse 1
ငါ့ကိုနင်မချစ်တော့နဲ့ ㅤㅤㅤတခြားသူဆီလစ်တော့ကွယ်
အလိုဖြည့်ပါသော်လည်း မပြည့်နိုင်သူအတွက်
လက်ဆောင်ဟာ Good Bye ပဲ
Verse 2
နှုတ်ခမ်းရောင်စုံများကြားထဲ ㅤㅤㅤပန်းတွေနင်ကြဲဖူးတယ်
ငါရတဲ့ဒီပန်းက ပွင့်ဖတ်တွေမပါပဲ ဆူးတွေသာကျန်နေတယ်
Chorus 1
မျှော်လင့်ချက်တွေကိုရိုက်ချိုးသူ ကံကိုယုံပြီးရင်းခဲ့တဲ့ အချစ်စစ်တစ်ခု
ငါစိုက်ပျိုးခဲ့သမျှဟာ ပန်းမဖြစ်ဘူး ဆူးတွေနဲ့ရူး
ငါကတော့ အကြိမ်ကြိမ်မျှော်လင့်သူ တခါတလေတောင် ငါ့ကိုစောက်ဖက်မလုပ်ခဲ့ဘူး
ယုံကြည်မှုတွေ ပျောက်ကွယ်သွားချိန် စိတ်ကုန်သွားတာအပြစ်ရှိသလား
Solo
Verse 3
ဒီဘဝဒီမျှပဲအချစ်ရယ် ㅤငါနဲ့နင်မတန်ဘူး သွားတော့ကွယ်
မကျေနပ်စရာတွေအတွက် အဖြေထွက်တာဒါပဲ သူစိမ်းတွေလိုနေပါမယ်
Chorus 2
မကြွေတဲ့ကြယ်ကို မမျှော်ချင်တော့ဘူး ကံကိုယုံပြီး ရင်းခဲ့တဲ့အချစ်စစ်တစ်ခု
ငါစိုက်ပျိုးခဲ့သမျှဟာ ပန်းမဖြစ်ဘူး ဆူးတွေနဲ့ရူး
အရောင်မထွက်တဲ့နွံကို ရွှေထင်မိသူ
ဟန်ဆောင်ကာခဏတောင် ငါ့အတွက်မတောက်ပဘူး
နာကျင်မှုတွေများလာတော့ ငါစိတ်နာသွားတာအပြစ်ရှိသလား
အမှောင်တွေများလာတော့ ငါ့အလွမ်းတွေမိုးချုပ်သွားတာ အပြစ်ရှိသလား ㅤ ㅤㅤㅤㅤ