Pro Chord LogoPro Chord
Guitar TunerChord Library

All artists

ABCDEFGHIJKLMNOPQRSTUVWXYZ

Get the app

Pro Chord for iPhone, iPad, and Android.

Pro Chord LogoPro Chord

The ultimate Myanmar guitar chord & tab platform. Learn songs, tune your guitar, and explore chords — all in one beautifully crafted place.

Tools

Guitar TunerChord LibraryMy Setlists

Legal & Policies

SupportPrivacy PolicyTerms of Service

© 2026 Pro Chord. All rights reserved.

Crafted withfor Guitarists
Pro Chord home
အများကြီးပေးပြီးဘာမှမရခဲ့သူ cover

အများကြီးပေးပြီးဘာမှမရခဲ့သူ

Wai La

Original key: E

Intro
Verse 1
စွမ်းသလောက်တော့ကြိုးစားပြီးတော့  ငါရှာကျွေးခဲ့တာပေါ့​
 ငါအစွမ်းပျောက်တော့  အခန်းလည်းပျောက်ပေါ့  ငါဟာလူတောလည်းမတိုး​
 အချိန်တန်ရင်စုံကန်မှာကို  ငါဟာကြိုမမြင်ထားဘူး
အပြစ်မပြောရက်ပါဘူး  မိဘဆိုတာအရာရာပေးခဲ့ချင်သူ​
Verse 2
 ငါပိုင်ထားခဲ့သမျှ  ခွဲခြမ်းပြီးတော့  အကုန်ပေးခဲ့တာပေါ့​
 နောင်ငါ့အတွက်ကျ  ကျောတစ်ခင်းစာလောက်တော့  ဘယ်သူတွေပေးမလဲပြော​
 ဘယ်လိုအခြေအနေတွေကြုံနေပါစေ  အဖေဟာအဖေပါပဲဆို​
 အပြစ်မပြောရက်ပါဘူး  မိဘဆိုတာ  အရာရာပေးခဲ့ချင်သူ
Chorus
အများကြီးပေးသူ  ဘာမှမရခဲ့သူ  ငါ့သားသမီးများ အဖေကိုတောင်လာမတွေ့ဘူး
 ဟိုးတုန်းကတော့ အဖေသာလူစွမ်းကောင်းကြီးဆို
 အခုကျတော့ အဖေဟာကမ္ဘာကြီးအတွက်လူပို
 အများကြီးပေးသူ  ဘာမှမရခဲ့သူ  သီတင်းကျွတ်တဲ့အချိန်ဆို
 ဘယ်သူလာမလဲလို့ ကိတ်မုန့်ရနံ့တွေကိုတောင်  မမှတ်မိတော့လို့
 စောင့်စားရင်းနဲ့ လူအိုရုံလေးထဲငါငိုㅤ​
Solo
Verse 3
 အရာရာနှုတ်ဆက်ကာ  ကျောခိုင်းလို့သွားတဲ့သူကို  လွမ်းမိတာပေါ့​
 ငါဟာဟောင်းသွားတဲ့ခေတ်သစ်ရဲ့အမှိုက်  ကြင်နာသူလည်းမရှိခိုက်​
ငယ်ရွယ်စဉ်ဟိုအချိန်တွေကို  တစ်ခါပြန်လိုချင်မိလို့​
 ငါ့သားသမီးတွေကို  အခုထက်ပိုအောင်  ရှာဖွေကျွေးခဲ့ချင်သူ​
Chorus
အများကြီးပေးသူ  ဘာမှမရခဲ့သူ  ငါ့သားသမီးများ အဖေကိုတောင်လာမတွေ့ဘူး
 ဟိုးတုန်းကတော့ အဖေသာလူစွမ်းကောင်းကြီးဆို
 အခုကျတော့ အဖေဟာကမ္ဘာကြီးအတွက်လူပို
 အများကြီးပေးသူ  ဘာမှမရခဲ့သူ  သီတင်းကျွတ်တဲ့အချိန်ဆို
 ဘယ်သူလာမလဲလို့ ကိတ်မုန့်ရနံ့တွေကိုတောင်  မမှတ်မိတော့လို့
 စောင့်စားရင်းနဲ့ လူအိုရုံလေးထဲငါငိုㅤ​
 ရသလောက်တော့ငါပေးပါတယ်  ပေးခဲ့ဖူးသလောက် ငါဘာတွေများရခဲ့သလဲ
 ငါမသေဆုံးခင်လေး ခဏလောက်တွေ့ချင်တယ်

Chords in this song

E
Strings from low E to high E: open, fret 2, fret 2, fret 1, open, open.
A
Strings from low E to high E: muted, open, fret 2, fret 2, fret 2, open.
B
Strings from low E to high E: muted, fret 2, fret 4, fret 4, fret 4, fret 2.
E7
Strings from low E to high E: open, fret 2, open, fret 1, open, open.
Gbm
Strings from low E to high E: fret 2, fret 4, fret 4, fret 2, fret 2, fret 2.
Speed1.0x
Key0