Original key: G
Intro
Verse 1
အလိုရှိတိုင်း သကြားလုံးလေးတွေတောင်းလိုက်
အဖေချစ်သောကလေးငယ်လေး
လော်လီပေါ့ငုံပြီးပျော်တတ်သူ
အမေ့အနားကပ်ချွဲသူ စိတ်မထင်တဲ့အချိန်
အော်ဟစ်လို့ငိုတတ်သူ
Verse 2
အချိန်ရှိတိုင်း ကစားကွင်းအမြဲသွားချင်သူ
အဖေချစ်သောကလေးငယ်လေး
ရောင်စုံခဲတံလေးကိုင်ပြီးကွယ် အရုပ်လေးတွေရေးသတဲ့
တွေ့ကရာလက်ညွှန်ကာ ပြုံးပြီးဝယ်ခိုင်းသူ
Chorus
ဖြူစင်တဲ့ကလေးလေး အိပ်ချိန်
မီးမှိတ်လိုက် အဖေအမေရဲ့ကြား
မှေးစက်လိုက် တစ်နေကုန်ကစားဖို့
အားမွေးလိုက် အိပ်တော့ကွယ် Good Night
Solo
Verse 3
ဒီကမ္ဘာပေါ်၌ ရှိရှိသမျှအရာထက်မိုက် အို တန်ဖိုးရှိသူလေး
ကြုံလာမယ့်အခက်အခဲတွေရှင်းမယ် အဖေတစ်ယောက်ပိုင်တဲ့သူ
အပူအပင်မဲ့စွာနဲ့ အိပ်စက်လို့အနားယူ
Chorus
ဖြူစင်တဲ့ကလေးလေး အိပ်ချိန်
မီးမှိတ်လိုက် အဖေအမေရဲ့ကြား
မှေးစက်လိုက် တစ်နေကုန်ကစားဖို့
အားမွေးလိုက် အိပ်တော့ကွယ် Good Night
Chorus
ဖြူစင်တဲ့ကလေးလေး အိပ်ချိန်
မီးမှိတ်လိုက် အဖေအမေရဲ့ကြား
မှေးစက်လိုက် တစ်နေကုန်ကစားဖို့
အားမွေးလိုက် အိပ်တော့ကွယ် Good Night
နှုတ်ဆက်တယ် Good Night