Original key: G
Intro
Verse 1
မနက်အစောကြီးထလို့ ပန်းတွေကောက် ဈေးဗန်းလေးနဲ့ လမ်းပေါ်လျှောက်
အမေဆေးခန်းပြဖို့ ပိုက်ဆံစုရမယ် ပန်းရောင်းကောင်းဖို့အတွက်ဆုတောင်း
Verse 2
ကောင်းညှင်းပေါင်းစားပြီး ဈေးတွေရောင်း အဖေ့အားဆေးလေးများ ဈေးတွေကောင်း
အဖေကြိုက်တဲ့ ကြေးအိုးလေး ဝယ်ကျွေးဖို့ကွယ် ပန်းရောင်းကောင်းဖို့အတွက်ဆုတောင်း
Pre Chorus
ကမ္ဘာကြီးထဲမှာ အရာရာတိုင်းတိုးတက်ကြပါစေ
ဒီမီးပွိုင့်အဟောင်းကြီးတော့ ခဏကျန်စေချင်ပါတယ်
အဖေနဲ့အမေ လိုအင်ဆန္ဒဖြည့်ရတဲ့အချိန်
အမှန်တွေကို ခဏမျိုသိပ်ထားတယ်
Chorus
မီးပွိုင့်ကြီးရယ် နီလိုက်ဦး ㅤအခုထိဈေးဦးမပေါက်သေးလို့
မီးပွိုင့်ပျက်ရင် ပိုပြီးရောင်းကောင်းလွန်းတယ်
ကျွန်တော််ဟာအတ္တကြီးတဲ့ ပန်းသည်ဗျို့
မီးပွိုင့်ကြီးဟာ ကျွန်တော့်အသည်းနှလုံး
အိုး ကားများပိတ်ရင် ပျော်လို့မဆုံး
မီးစိမ်းပြချိန်ခဏပဲ သတ်မှတ်ပေးကွယ်
ကျွန်တော်ဟာ တစ်ဖက်တည်းကြည့်တဲ့ ပန်းသည်ဗျို့
Solo
Verse 3
ကျောင်းသွားတော့မယ့် ကျွန်တော့်ညီတစ်ယောက်
မုန့်ဟင်းခါးစားဖို့ သုံးရာလောက်တဲ့
စာများများတတ်ဖို့ ကျောင်းကိုသွားတော့ကွယ်
မင်းကငါ့ထက် အဖိုးတန်တယ်
Pre Chorus
ကမ္ဘာကြီးထဲမှာ အရာရာတိုင်းတိုးတက်ကြပါစေ
ဒီမီးပွိုင့်အဟောင်းကြီးတော့ ခဏကျန်စေချင်ပါတယ်
အဖေနဲ့အမေ လိုအင်ဆန္ဒဖြည့်ရတဲ့အချိန်
အမှန်တွေကို ခဏမျိုသိပ်ထားတယ်
Chorus
မီးပွိုင့်ကြီးရယ် နီလိုက်ဦး ㅤအခုထိဈေးဦးမပေါက်သေးလို့
မီးပွိုင့်ပျက်ရင် ပိုပြီးရောင်းကောင်းလွန်းတယ်
ကျွန်တော်ဟာအတ္တကြီးတဲ့ ပန်းသည်ဗျို့
မီးပွိုင့်ကြီးဟာ ကျွန်တော့်အသည်းနှလုံး
အိုး ကားများပိတ်ရင် ပျော်လို့မဆုံး
မီးစိမ်းပြချိန်ခဏပဲ သတ်မှတ်ပေးကွယ်
ကျွန်တော်ဟာ တစ်ဖက်တည်းကြည့်တဲ့ ပန်းသည်ဗျို့
ကျွန်တော်ဟာအတ္တကြီးတဲ့ ပန်းသည်ဗျို့