ကြိုဆိုပါ
Original key: G
INTRO
VERSE
နင်မလာချင်ခဲ့
လမ်းခင်းလို့ပေးကားထားလဲအနားမှာမရှိ
ရှောင်ဖယ်ကာသွားတယ်
လူဆိုးများတဲ့အရပ်လိုမင်းကသတ်မှတ်ပြီး
PRECHORUS
အချိန်တန်တော့ပြန်ချစ်လိမ့်မယ့်မျှော်လင့်ခဲ့လဲ
မင်းကိုကြိုမယ့်ပန်းပွင့်တို့တောင်ခြောက်တော့မယ်
CHORUS
ဘာအတွက်ကြောင့်နင်ဟာဒီနေ့ထိရောက်မလာခဲ့သလဲ
တစိမ်းဆန်နေမူများနည်းနည်းလျော့လိုက်ပါ
ငါပိုင်ထားတဲ့ဘဝကမင်းတစ်ယောက်ထဲအတွက်
ရည်စူးခဲ့တာပါ
နင်မောပန်းချိန်ခိုနားဖို့နင်လှမ်းခဲ့
လာပါထိုင်ပြီးနားလှည့်ပါတဒင်္ဂ
အသီးအနှံတွေစိုက်ပျိုးထားတဲ့ငါ့အရပ်မှာ
ငါကိုယ်တိုင်ချွေးနဲ့ရင်းပြီးမင်းစားသုံးဖို့
စိုက်ပျိုးခဲ့တာပါ
ဒါကိုတဖြည်းဖြည်းတွေးလို့နင်ချစ်တတ်သွားမှာပါ
INSTRUMENTA
VERSE
ဆူညံသံတွေချန်ခဲ့ပြီး
မင်းလျှောက်ခဲ့ဖို့ဖိနပ်လေးလည်းပေးချင်မိ
ငါနာကျင်နေခဲ့တယ်
ထုံဆေးမပေးပဲအမုန်းတွေအဝေးကပစ်နေခဲ့
PRECHORUS
ခြင်ကိုက်ရင်ရိုက်ဖို့တောင်နင်သနားသော်လည်း
ငါ့ရင်ကိုတော့စုတ်ပြတ်သွားအောင်လုပ်တတ်တယ်
CHORUS
ဘာအတွက်ကြောင့်နင်ဟာဒီနေ့ထိရောက်မလာခဲ့သလဲ
တစိမ်းဆန်နေမူများနည်းနည်းလျော့လိုက်ပါ
ငါပိုင်ထားတဲ့ဘဝကမင်းတစ်ယောက်ထဲအတွက်
ရည်စူးခဲ့တာပါ
နင်မောပန်းချိန်ခိုနားဖို့နင်လှမ်းခဲ့
လာပါထိုင်ပြီးနားလှည့်ပါတဒင်္ဂ
အသီးအနှံတွေစိုက်ပျိုးထားတဲ့ငါ့အရပ်မှာ
ငါကိုယ်တိုင်ချွေးနဲ့ရင်းပြီးမင်းစားသုံးဖို့
စိုက်ပျိုးခဲ့တာပါ
ဒါကိုတဖြည်းဖြည်းတွေးလို့နင်ချစ်တတ်သွားမှာပါ
SOLO
BRIDGE
ဒီကမ္ဘာမှာငါရင်ခုန်မိတာနင်ပဲရှိနေလို့
နှလုံးသားရဲ့တည့်တည့်ဝယ်မင်းတစ်ယောက်အတွက်ရေးတဲ့
ကြိုဆိုပါ၏ဆိုင်းဘုတ်လေးနဲ့
CHORUS
မျှော်နေတယ်ဒီနေ့ထိရောက်မလာနိုင်ခဲ့
လွမ်းနေတာကိုနည်းနည်းတော့သတိပြုပါ
ငါပိုင်ထားတဲ့ဘဝကမင်းတစ်ယောက်ထဲအတွက်
ရည်စူးခဲ့တာပါ
နင်မောပန်းချိန်ခိုနားဖို့နင်လှမ်းခဲ့
လာပါထိုင်ပြီးနားလှည့်ပါတဒင်္ဂ
အသီးအနှံတွေစိုက်ပျိုးထားတဲ့ငါ့အရပ်မှာ
ငါကိုယ်တိုင်ချွေးနဲ့ရင်းပြီးမင်းစားသုံးဖို့
စိုက်ပျိုးခဲ့တာပါ
ဒါကိုတဖြည်းဖြည်းတွေးလို့နင်ချစ်တတ်သွားမှာပါ
ENDING
Speed1.0x
Key0