Original key: F
Intro
Verse 1
ထားခဲ့ပါတော့လေ နင့်သဘောပဲလေ
မှားခဲ့တဲ့အတိတ်တစ်ခုလို နင်သတ်မှတ်လိုက်
အားလုံးနဲ့လဲမယ် နင်ပြောသမျှတွေ
ရူးမိုက်တဲ့စိတ်တစ်ခုကြောင့်လို့ နင်ဆုံးဖြတ်လိုက်
နင်ကျေနပ်ရင်ဖြစ်တယ် ဒီလူအတွက်ဘာမှနင်မငဲ့နဲ့
စိတ်ဖြောင့်ဖြောင့်ထားပြီး ငါ့ကိုချန်ရစ်ခဲ့
Chorus
နင်မပျော်တဲ့တစ်နေ့ ထွက်သွားချင်သွားနိုင်တယ်
နင်ပြန်လာချင်တဲ့တစ်နေ့ စိတ်ကူးပေါ်ခဲ့ရင်ကွယ်
ဟန်နီ ဟန်နီ ဟန်နီ ဟန်နီ
နင်ရောက်ရာအရပ်က ဖုန်းဆက်
မိုင်တွေခြားလည်း တစ်မိနှစ်မှ ဆယ့်ငါးကျပ်တည်း
အဆင်မပြေမှုများအတွက် အကြာကြီးရင်ဖွင့်နိုင်တယ်
ဟန်နီ ဟန်နီ ဟန်နီ ဟန်နီ
မင်းအခက်အခဲတွေ တွေ့ချိန်တိုင်းမှာ ငါ့ဆီခလုတ်နှိပ်လိုက်ပါကွယ်
Verse 2
မင်းဓာတ်ပုံလေးတွေ ငါငေးဆဲလေ
ဟောင်းသွားလည်း မပြောင်းသွားမယ့် အချစ်တို့နဲ့
ဆေးသောက်ချိန်လေးတွေ နင်မမေ့နဲ့လေ
မောတတ်တဲ့ ငါ့အချစ်အတွက် သတိပေးဖြစ်ခဲ့
နေရာသစ်မှာ ဒုက္ခများချိန်ဝယ် နင်ဆက်သွယ်ဖို့အတွက်
ငါ့ဟန်းဖုန်းလေးက အမြဲလိုဖွင့်ထားဆဲ
Chorus
နင်မပျော်တဲ့တစ်နေ့ ထွက်သွားချင်သွားနိုင်တယ်
နင်ပြန်လာချင်တဲ့တစ်နေ့ စိတ်ကူးပေါ်ခဲ့ရင်ကွယ်
ဟန်နီ ဟန်နီ ဟန်နီ ဟန်နီ
နင်ရောက်ရာအရပ်က ဖုန်းဆက်
မိုင်တွေခြားလည်း တစ်မိနှစ်မှ ဆယ့်ငါးကျပ်တည်း
အဆင်မပြေမှုများအတွက် အကြာကြီးရင်ဖွင့်နိုင်တယ်
ဟန်နီ ဟန်နီ ဟန်နီ ဟန်နီ
မင်းအခက်အခဲတွေ တွေ့ချိန်တိုင်းမှာ ငါ့ဆီခလုတ်နှိပ်လိုက်ပါကွယ်
Solo

နင်ပြန်လာချင်တဲ့တစ်နေ့ စိတ်ကူးပေါ်ခဲ့လည်းကွယ်
ဟန်နီ ဟန်နီ ဟန်နီ ဟန်နီ ဟန်နီ ဟန်နီ