Original key: A
Intro
Verse 1
ပေတစ်ရာပေါ်လမ်းလျှောက်ထွက််လို့ သီချင်းတွေအော်ဟစ်လိုက်ပါ
သောကများကို အမှိုက်လိုပစ်ပြီး ဂေါ်လီလုပ်ပါ
မိဘမဲ့ကလေးများ ပြုံးပျော်နိုင်ဖို့အတွက် ဟာသလေးများပြောပေးပါကွာ
Verse 2
အပူသည်လိုရုပ်နဲ့ မင်းဘဝလေးတကယ်အေးချမ်းဖို့ရာ
တစ်ခွက်မှငါးဆယ်တည်း ရေခဲရေဝယ်သောက်ပါ
ပန်းရောင်းတဲ့ကလေးများ ပြုံးပျော်နိုင်ဖို့အတွက်
ခုနှစ်ရာဖိုးလောက် အားပေးလိုက်ပါကွာ
Pre Chorus 1
ကျိန်စာတွေပွင့်တဲ့စိုက်ခင်းတွေ တွေ့ရင်ဖျက်ဆီးပါ
နွေမှာအေးဖို့ ကုက္ကိုကိုင်းတွေ တွေ့ရင်မချိုးနဲ့ကွာ
ကြုံရင် ဘိုးဘွားရိပ်သာသွားကာ နှိပ်နယ်လို့ပေးပါ
ဘုံဆိုင်မှာအသည်းကွဲခြင်းထက် ကောင်းလွန်းတဲ့ဆေးတစ်ခွက်
Chorus
ရှင်သန်ချိန်လေးခဏ ပျော်ပျော်သာနေလိုက်ကွာ
ကွဲသွားတဲ့အသည်းလေး အသစ်ဖြစ်ဖို့ ဆံပင်ညှပ်လိုက်ပါကွာ
ဟေ့ မှိုင်တွေနေတုန်းလား ကမ္ဘာမှာ သူတစ်ယောက်တည်းလား
မင်းနဲ့လိုက်ဖက်မယ့် ရည်းစားတချိ့ အများကြီး အများကြီး အများကြီးလေ
Solo
Verse 3
ရွှေဘုံသာလမ်းထဲ မင်းမျက်စိကို စမ်းသပ်လိုက်ပါ
အနီးမှုန် အဝေးမှုန် မျက်မှန်တပ်ပြီး ဆိုင်အပြင်ထွက်ပါ
ဆယ့်ငါးမိနစ်လောက် လမ်းလျှောက်မိချိန်
နင့်အသည်းက အလိုလိုကောင်းသွား ကောင်းသွားမှာပါ
Pre Chorus 2
လူရောင်စုံကြားထဲမှာ ဖူးစာဖက်ကိုလိုက်ရွေးပါ
အလှုခံများနဲ့တွေ့ရင် ရှိတာလေးတွေ ပေးလိုက်ပါ
မကြာခင်မင်းအတွက် ရောက်လာလိမ့်မယ် ချစ်သူအသစ်လေးများ
ဘုံဆိုင်မှာ အသည်းကွဲခြင်းထက် ကောင်းလွန်းတဲ့ဆေးတစ်ခွက်

Ending