Original key: C
Intro
Verse 1
အသည်းကွဲကျမ်းကို ငါ့ရင်ဘတ်မှာ အခုအချိန်တိုင်ထိ ထွေးပိုက်ထားတယ်
အနားမှာ နင်မရှိတဲ့အချိန် ငါနေ့တိုင်းပဲ ဒုက္ခမျိုးစုံနဲ့ ကျင်လည်ရင်း
အကြိမ်ကြိမ်မိုးလင်းခဲ့တယ် အိပ်မက်ဆိုးတွေကို မက်လို့
Pre Chorus
ငါသေတောင်သေချင်နေပြီ မင်းမရှိလို့အလွမ်းများစွာ
ကျောက်ဖြစ်ကာ ပြန့်ကျဲနေပြီ
နေရာစုံငါတစ်နေကုန် ထိုင်ကြွေနေတာ မင်းကမသိ ငါ့အဖြစ်ကို
ခဏလောက် နင်ကိုယ်ချင်းစာကြည့်
Chorus
ငါ့အနားကိုပြန်ခဲ့ပါ နင်ပြန်လာခဲ့ပါ အချိန်တိုင်းပဲ ငါ့ရင်မှာသတိရ
နောင်ဘဝမှ တို့ပြန်ဆုံမှာလား ဒီစိတ်နဲ့ကံကုန် မိုးချုပ်လို့ ကွယ်လွန်တော့မယ် ဟူး
Music
Verse 2
ဝါတွင်းရက်မှာ ဥပုသ်စောင့်ကာ မင်းကိုမျှော်ရင်း ဆုတောင်းခဲ့တယ်
ရောက်လေရာမှာ မင်းပျော်ပါစေ ငါနင်မွေးနေ့ ပုတီးစိပ်ခဲ့တယ်
စနေဂြိုဟ်ထောင့်မှာ မြင်ယောင်နေဆဲပါနင့်ကို ငါမျက်လုံးတွေမှိတ်ထားလည်း
Pre Chorus
ငါသေတောင်သေချင်နေပြီ မင်းမရှိလို့အလွမ်းများစွာ
ကျောက်ဖြစ်ကာ ပြန့်ကျဲနေပြီ
နေရာစုံငါတစ်နေကုန် ထိုင်ကြွေနေတာ မင်းကမသိ
ငါ့အဖြစ်ကို ခဏလောက် နင်ကိုယ်ချင်းစာကြည့်
Chorus
ငါ့အနားကိုပြန်ခဲ့ပါ နင်ပြန်လာခဲ့ပါ အချိန်တိုင်းပဲ ငါ့ရင်မှာသတိရ
နောင်ဘဝမှ တို့ပြန်ဆုံမှာလား ဒီစိတ်နဲ့ကံကုန် မိုးချုပ်လို့ ကွယ်လွန်တော့မယ် ဟူး
Solo
Chorus
ငါ့အနားကိုပြန်ခဲ့ပါ နင်ပြန်လာခဲ့ပါ အချိန်တိုင်းပဲ ငါ့ရင်မှာသတိရ
နောင်ဘဝမှ တို့ပြန်ဆုံမှာလား ဒီစိတ်နဲ့ကံကုန် မိုးချုပ်လို့ ကွယ်လွန်တော့မယ် ဟူး
Ending