Original key: C
Intro
Verse 1
မျိုသိပ်ခြင်းများနဲ့ ခိုးလွမ်းခဲ့တာနင်ကမသိ
သိက္ခာများခါချကာ မင်းကိုဖွင့်ပြောလိုက်ချင်ပြီ
ချုပ်ထိန်းထားတဲ့ ငါ့ရဲ့စိတ်တွေ အန်ထုတ်လို့
အချစ်တွေပြည့်နေတဲ့ ရင်ဘတ်နဲ့ ငါဇွတ်မိုက်ချင်ပြီ
Pre Chorus 1
အိုဘေဘီရယ် နင်ငြိုငြင်မှာကိုစိုးတယ်
ဘယ်လိုရှေ့ဆက်ရမလဲ တစ်ဖက်သတ်အချစ်နဲ့ ㅤငါရူးတော့မယ်
Chorus
အိုး ဘေဘီရေ ဘေဘီရေ ငါဖွင့်ပြောလိုက်ချင်ပြီ
တော်ကြာအထင်လွဲပြီးမုန်းသွားမှာ သေအောင်ကြောက်နေတယ်
ဟိုး ဘေဘီရေ ဘေဘီရေ ခင်မင်မှုစည်းတွေထဲ
ဒီအဖြူရောင် တံတိုင်းများကြားထဲ လှောင်ပိတ်နေခဲ့ပြီ ㅤ
Solo
Verse 2
ငါနေ့တိုင်း အမြဲတမ်းမင်းရဲ့အနားမှာနေရဖို့
မျက်နှာလေးထိုင်ငေးနေခွင့်တွေ ပျက်စီးသွားမှာစိုး
နောက်ဆုံးအကြွင်းက အမုန်းများဖြစ်မှာ ငါကြောက်လို့
တိတ်တိတ်လေးကြေကွဲနေရတယ် အုံ့ပုန်းအချစ်တွေနဲ့
Pre Chorus 2
အိုဘေဘီရယ် နင်ဖြူစင်နိုင်လွန်းတယ်
နင်လေသိသင့်ပါတယ် တစ်ဖက်သတ်အချစ်နဲ့ ငါရူးတော့မယ်

Ending
:: ::