Original key: G
Intro
Verse 1
လေနှင်ရာပဲငါလွင့်နေပါတော့မယ် ဒဏ်ရာမျိုးစုံနဲ့ ငါညစ်ပြီးကွယ်
နင်လိုရာပုံသွင်းပြီးမှ လမ်းဘေးမှာနင်ချန်ခဲ့ ဘာမှမလုပ်ပဲ နင်အဆက်အသွယ်ဖြတ်
ငါ့သမိုင်းတွေထဲမှာနင်ဟာ မင်းသမီးတစ်ပါးအဖြစ် ငါဖန်ဆင်းလည်း
ဒါတောင် ငါကနင့်အတွက် မင်းသားဖြစ်မလာခဲ့
Pre Chorus
လွယ်လွယ်မေ့ဖို့ နင်ကဘယ်လိုအသားနဲ့ တည်ဆောက်ထားလဲကွယ်
နင်ငရဲကြီးမယ် အကြင်နာဆိုတာ အပြန်အလှန်တော့ရှိသင့်ပါတယ်
Verse 2
နင်နဲ့တွဲပြီးပျော်ရဖို့ ဇာတာမရှိတဲ့သူဟာ ငါပဲလို့
တွေးရင်းတွေးရင်းဆွေးရလို့ နေညိုချိန်တွေမှာဆို တစ်ယောက်တည်းကြိတ်ငို
ဒီရင်ကိုခွဲတဲ့သူဟာဘယ်သူတုန်း ကမ္ဘာမကြေသီချင်းလို
ငါသေတဲ့အထိမမေ့အပ်ဖို့ ㅤငါချစ်သောမင်းအကြောင်းတွေကို
Solo
ဟေး နင်အဝေးမှာရောက်နေပေမယ့် ရင်ထဲမှာမင်းတည်ရှိသေးတယ်
လိုတာယူပြီး စိမ်းတဲ့မင်းစိတ်ကိုငါကြွေဆဲ ကိုယ်ချင်းမစာတတ်သူမောင့်ချစ်သည်း
နင်ငါ့ဆီခဏတာခိုဝင်အိပ်စက်သွားခဲ့တဲ့ ရွှေဧည့်သည်
ကျန်နေခဲ့သော မင်းရဲ့ရနံ့တို့မွှေးပါတယ်
ငါဘယ်လိုမေ့လို့ရမလဲ နင်ဟာငါ့အတွက်တကယ်ကိုဈေးကြီးတယ်
နင်ငရဲကြီးမယ် အကြင်နာဆိုတာ အပြန်အလှန်တော့ရှိသင့်ပါတယ်
ငါချစ်သောမင်းအကြောင်းတွေကို ဟိုး ငါချစ်သောမင်းအကြောင်းတွေကို
Ending