Original key: A
Intro
Verse 1
မနေချင်ဘူး မနေချင်ဘူး နင့်အဝေးမှာ
ငါဟာနင်နဲ့ကိုက်တစ်ရာလောက် အဝေးရောက်တဲ့အချိန်
လွမ်းဖို့ နင်ကအမိန့်ပေးနေသလိုမျိုး ရင်မှာတဖြည်းဖြည်းဆို့တက်လာ
နင်နဲ့မျောဖူးခဲ့တဲ့နေ့စွဲတွေရဲ့ အမြန်လမ်းမှာ
အချစ်လို့ခေါ်တဲ့ ဒီပြဿနာတွေဖြစ်လာခဲ့တာ
Chorus
ကိန္ဒရီ ကိန္ဒရာ အာဒီ ဧဝ ရိုမီယို ဂျူးလိယက်တို့ရဲ့ ချစ်ခြင်းတွေထက်
ပိုခေတ်မီတဲ့ စကားလေးတစ်ခွန်းက မင်းအတွက်သေချာပါတယ်
ဆန်ကုန်မြေလေးမဟုတ် အပင်စိုက်ထားတဲ့လက်တွေနဲ့
နင့်နှလုံးသားတံခါးကိုခေါက်မယ် မင်းလာဖွင့်လှည့်ပါကွယ်
Music
Verse 2
ရင်ဆိုင်စို့ အန္တရာယ်များစွာ ရှေ့မှာကြုံဆုံလာမယ့်ပြဿနာတွေအားလုံးနားပါ
မှဲ့တစ်ပေါက်တောင်မစွန်းစေရဘူး နင်ယုံကြည်လိုက် ငါပိုင်ထားတဲ့ဘဝတစ်ခုဟာ
သေချာတယ် မင်းတစ်ယောက်တည်းအတွက် ရည်စူးကာ ကျမ်းကျိန်ထားကာ
မျက်လုံးလေးမှိတ်ပြီး ကိုယ့်ပုခုံးကိုမှီလိုက်ပါ အချစ်ရာ
ကမ္ဘာမှာအလှဆုံး အနမ်းများ နင်တစ်ယောက်တည်းအတွက်ဖြစ်ရမယ် ယုံလိုက်ပါ
မင်းအတွက် အကောင်းဆုံးလက်ဆောင်ဟာ ငါ့ရဲ့ဘဝပဲ အိုး အိုး
Chorus
ကိန္ဒရီ ကိန္ဒရာ အာဒီ ဧဝ ရိုမီယို ဂျူးလိယက်တို့ရဲ့ ချစ်ခြင်းတွေထက်
ပိုခေတ်မီတဲ့ စကားလေးတစ်ခွန်းက မင်းအတွက်သေချာပါတယ်
ဆန်ကုန်မြေလေးမဟုတ် အပင်စိုက်ထားတဲ့လက်တွေနဲ့
နင့်နှလုံးသားတံခါးကိုခေါက်မယ် မင်းလာဖွင့်လှည့်ပါကွယ်
Solo
Bridge
ချစ်လာခဲ့တာ နင်ဟာသိပ်ပြီးလှလာ ဒီရင်ဘတ်ထဲကနှလုံးသားဟာ
နင်နဲ့မှ တဖြည်းဖြည်းလှုပ်ခတ်သွားတာဟာ အချစ်လို့ခေါ်မလား အိုး အိုး
Chorus
ကိန္ဒရီ ကိန္ဒရာ အာဒီ ဧဝ ရိုမီယို ဂျူးလိယက်တို့ရဲ့ ချစ်ခြင်းတွေထက်
ပိုခေတ်မီတဲ့ စကားလေးတစ်ခွန်းက မင်းအတွက်သေချာပါတယ်
ဆန်ကုန်မြေလေးမဟုတ် အပင်စိုက်ထားတဲ့လက်တွေနဲ့
နင့်နှလုံးသားတံခါးကိုခေါက်မယ် မင်းလာဖွင့်လှည့်ပါကွယ်
Chorus
ကိန္ဒရီ ကိန္ဒရာ အာဒီ ဧဝ ရိုမီယို ဂျူးလိယက်တို့ရဲ့ ချစ်ခြင်းတွေထက်
ပိုခေတ်မီတဲ့ စကားလေးတစ်ခွန်းက မင်းအတွက်သေချာပါတယ်
ဆန်ကုန်မြေလေးမဟုတ် အပင်စိုက်ထားတဲ့လက်တွေနဲ့
နင့်နှလုံးသားတံခါးကိုခေါက်မယ် မင်းလာဖွင့်လှည့်ပါကွယ်
မင်းလာဖွင့်လှည့်ပါကွယ်
Ending