Original key: G
Verse 1
ငါငယ်ငယ်ကသူငယ်တန်း စာသင်ချိန် ABC မရလို့ ခဏခဏအရိုက်ခံဖူးတယ်
အဖေအမေတွေ ကျောင်းပို့ခိုက် ဝမ်းနည်းပြီးတော့ အမေ့နောက်လိုက်
အပျင်းကြီးတဲ့စိတ်နဲ့ ရင်ကွဲမတတ်ငိုဖူးတယ်
Verse 2
ဒီပုံစံနဲ့တိုင်ပတ်ရင်း စာသင်တဲ့အခန်းထဲမှာ
သင်္ချာညံ့လွန်းချက်က ဘဲဥလေးတောင်မကွဲပါ
တော်ပြီ ငါဝဲပစ်လိုက်တော့ အပျင်းကြီးလွန်းတဲ့စိတ်ဓါတ်တို့
မြောင်းထဲထည့်ပစ်လို့ ငါစာကြိုးစားတော့မယ်
Pre Chorus
အိမ်စာတွေလုပ်နေတယ် ဒီနိုင်ငံတော်ကြီးအတွက်
ရဲရင့်တဲ့စစ်သည်တော်တွေလို စစ်သားကြီးလုပ်မယ်
လိမ္မာအောင်လည်းနေတယ် ABC ထိုင်ကျက်မယ်
လူချွန်လူကောင်းဖြစ်ဖို့ ခပ်စောစောလေးကျောင်းသွားမယ်
Chorus
ကျောင်းမှန်မှန်တက် စာမခက်လို့ပျော်ပါတယ် သင်္ချာတွေကို အိမ်မှာပြန်တွက်မယ်
အတန်းပိုင်ဆရာမ အော်ဆိုပြတဲ့ကဗျာတွေနဲ့ ခုံပေါ်ထရပ်လို့ ဆိုပြီးကကြမယ်
အိပ်ရာဝင်တိုင်း အမေထိုင်ပြောတဲ့ပုံပြင်ထဲ ရာဇဝင်တွင်အောင် စာမှန်မှန်ကျက်မယ်
သူငယ်တန်းအောင်ရမယ် လူရည်ချွန်ဖြစ်ဖို့အတွက် လိမ်လိမ်မာမာနေပါမယ်
Solo
Verse 3
လူတွေလစ်တုန်း ပေတံခိုး ဒီကောင်လူဆိုးဖြစ်မယ်
မလိမ္မာတဲ့အပေါင်းအသင်းမို့ အဆက်ဖြတ်လိုက်မှ ကောင်းမယ်
နောင်ကျဉ်အောင်ဆုံးမဖို့ အတန်းရှေ့ထွက်လို့ သွားကျပ်တော့
နောက်မလုပ်ဖို့ မင်းအတွက်ကြေငြာပြီး ရိုက်ခိုင်းမယ်