
အိမ်ပြေး
Original key: F
INTRO
VERSE
သန်းခေါင်ညရဲ့ညဥ့်နက်ထဲ
ငါလေတစ်ယောက်တည်း လွမ်းလို့ဆွေး
ဒီလိုမိုးတွေရွာချိန်တိုင်းအချိန်တိုင်းပဲ
အိမ်ပြန်ရောက်ဖို့ ကြိုးစားဆဲပါ
အရှည်ကြာဆုံးနေ့ရက်တွေဝေး
အိမ်ကိုလွမ်းနေချိန်တွေရယ်နေ့တိုင်းပဲ
PRECHORUS
သံသရာအဆုံးတိုင်ငါပေးဆပ်ချင်တယ်
နောင်တရဲ့အသိတွေထဲ
အချိန်တွေများကိုရေတွက်ရင်း
အဖော်မဲ့လမ်းကြမ်းတွေ
CHORUS
သေရာပါမဲ့မကြေနပ်ခြင်းတွေနဲ့
ငါဟာဘဝတစ်ခုတည်း
ငါဟာအိမ်ကိုမပြန်ရဲလို့
ရည်ရွယ်တာတွေကွယ်ပျောက်သွားချိန်မှာ
အိမ်မက်ဆိုးများနဲ့
နယ်မြို့လေးပဲငါလွမ်းတယ်
INSTRUMENTAL
VERSE
ကမ္ဘာမြေအဆုံးထိ ဖြတ်လျှောက်ဆဲပါ
ဒီလိုမိုင်ပေါင်းများစွာဝေး
နေဝင်ညတွေအနိုင်ယူတိုင်းကျော်ဖြတ်ရင်း
ရာသီဟောင်းလို့ပြောင်းသွားတိုင်းမှာ
ခြေရာဖျောက်တဲ့လမ်းတွေဝေး
အမှောင်ရဲ့အဆုံးမှာမြင်နေတယ်ဒါအမှန်တရားပဲ
PRECHORUS
သံသရာအဆုံးတိုင်ငါပေးဆပ်ချင်တယ်
နောင်တရဲ့အသိတွေထဲ
အချိန်တွေများကိုရေတွက်ရင်း
အဖော်မဲ့လမ်းကြမ်းတွေ
CHORUS
သေရာပါမဲ့မကြေနပ်ခြင်းတွေနဲ့
ငါဟာဘဝတစ်ခုတည်း
ငါဟာအိမ်ကိုမပြန်ရဲလို့
ရည်ရွယ်တာတွေကွယ်ပျောက်သွားချိန်မှာ
အိမ်မက်ဆိုးများနဲ့
နယ်မြို့လေးပဲငါလွမ်းတယ်
SOLO
PRECHORUS
သံသရာအဆုံးတိုင်ငါပေးဆပ်ချင်တယ်
နောင်တရဲ့အသိတွေထဲ
အချိန်တွေများကိုရေတွက်ရင်း
အဖော်မဲ့လမ်းကြမ်းတွေ
CHORUS
သေရာပါမဲ့မကြေနပ်ခြင်းတွေနဲ့
ငါဟာဘဝတစ်ခုတည်း
ငါဟာအိမ်ကိုမပြန်ရဲလို့
ရည်ရွယ်တာတွေကွယ်ပျောက်သွားချိန်မှာ
အိမ်မက်ဆိုးများနဲ့
နယ်မြို့လေးပဲငါလွမ်းတယ်
CHORUS
သေရာပါမဲ့မကြေနပ်ခြင်းတွေနဲ့
ငါဟာဘဝတစ်ခုတည်း
ငါဟာအိမ်ကိုမပြန်ရဲလို့
ရည်ရွယ်တာတွေကွယ်ပျောက်သွားချိန်မှာ
အိမ်မက်ဆိုးများနဲ့
နယ်မြို့လေးပဲငါလွမ်းတယ်
Speed1.0x
Key0