Original key: C
Intro
Verse 1
နှလုံးသားရဲ့အတိမ်အနက် ငါ့အတွက်တော့ အိပ်မက်မဟုတ်ဘူး
အချိန်နာရီ နေ့ရက်တွေ ပျော်စရာတွေ ဝေမျှခဲ့ဖူး
ခဏလေး မဟုတ်ဘူး ကြည်နူးခဲ့တာတွေ ပျော်မြူးခဲ့တာတွေ
အမှတ်ရလို့ အောက်မေ့နေ ဘဝကတော့ ခြောက်သွေ့နေ
ဘယ်သူမှလည်း နားမလည်ကြဘူး
အသိစိတ်က ထိန်းချုပ်နေ မသိစိတ်က သတိရနေ
ငါကိုယ်တိုင်တောင် နားမလည်တော့ဘူး
Chorus
ချစ်ခဲ့တာလား နင့်ကို ရူးခဲ့တာလား အချစ်ကို
ဟိုအရင်လို နင်မရှိဘူး ငါ့မှာတော့ ယောင်ချာချာ တစ်ယောက်တည်းရူး

ဟိုအရင်လို နင်မရှိဘူး ငါ့မှာတော့ ယောင်ချာချာ တစ်ယောက်တည်းရူး ရူးနေပြီ
Music
Verse 2
စိတ်ဓါတ်ကျအောင်လို့ ငါ့ဖက်က လုပ်တာလား
နင် စိတ်ပျက်သွားအောင်များ တခါတလေမှာ ငါမှားခဲ့လား
ခဏလေးပါလား အတူသွားခဲ့တာတွေ အတူ ကစားခဲ့တာတွေ
နင်ပေးခဲ့တဲ့ အမှတ်တရတွေ ဝေးခဲ့တော့ တမ်းတနေ
ဘယ်သူမှလည်း နားမလည်ကြဘူး
တိတ်တဆိတ် မင်းရောက်လာာ တိတ်တဆိတ် မင်းထွက်ခွာ

Ending