Original key: D
Intro
Verse 1
ပြောဖို့ စကားလေး တို့မှာ မကုန်သေးလည်း မင်းအနားလေးပဲ ဆက်နေချင်သေးလည်း
နံရံပေါ်မှာ နာရီတွေက ရွေ့နေတယ် အတူဆုံချိန်ဟာ ကုန်တာမြန်လွန်းတယ်
Verse 2
တို့လက်ဖျားလေး အေးနေမှာပဲကွယ် နှလုံးသွေးများလည်း တိုးနေတာသိတယ်
ရင်ခုန်သံကို ကိုယ်တိုင် သတိထားမိတော့လည်း တစ်ခုခု ပြောင်းလဲသွားမှာ သိပ်စိုးတယ်
Chorus
အချစ်ရယ် ပြန် ပြန်တော့ကွယ် အပြင်မှာ မိုးလည်းရွာတော့မယ်
နေရစ်ခဲ့ပါရစေ တစ်ယောက်တည်း တို့နှုတ်ဆက်သင့်ပြီပဲ
ဒီထက်ပိုပြီး တို့မနီးချင်တော့နဲ့ ဖြတ်ရခက်မယ် အကြင်နာကြိုးလေးအတွက်
Solo
Verse 3
လှပလွန်းတဲ့ မိုးတိမ်တွေကြားထဲ လွင့်မျောလို့ မသွားဖို့ တို့လေတကယ်ခက်ခဲ
အတင်းပဲ ကြိုးစား ရုန်းရဦးမယ် ဇွတ်တိုးဖို့ သတ္တိနည်းတယ် ဆိုမလားကွယ်
Verse 4
တို့ဘဝလေးကို နားလည်ပါအချစ်ရယ် နှလုံးသားလေးက မင်းကို မနှင်ရက်လည်း
အသိစိတ် တချို့က တို့ကိုသတိပေးလို့နေတယ် တစ်ခုခုပြောင်းလဲသွားမှာ စိုးပါတယ်

Ending