ဖြေသိမ့်လိုက်
Intro
Verse 1
အားလုံးပြီးဆုံးသွားတော့ ရင်တစ်ခုလုံး ကြေသွားလား
ကိုယ်ချင်းစာပါတယ် အို သူငယ်ချင်း သိပ်မဆန်းဘူး
ရှေ့ဆက်ပြီးတော့ တွေ့ကြရမှာပဲ ဆုံးရှုံးခြင်းက တို့တွေ ပြေးမလွတ်နိုင်
မောပန်းလွန်းတဲ့ မင်းရဲ့လိပ်ပြာလေး ဖြေသိမ့်လိုက်
Verse 2
ကံကြမ္မာဆိုတာက ချိုတစ်လှည့် ခါးတစ်လှည့်
အခုလည်း ဒီလိုပဲ အောင်မြင်လိုက် ရှုံးနိမ့်လိုက်
လဲကျတဲ့အခိုက် ကွဲခဲ့တဲ့ မင်းနှလုံးသား အက်ကြောင်းလေးက အမြဲတမ်း အမှတ်တရပေါ့
ရှေ့ဆက်ရမယ့် မင်းရဲ့ဘဝ အသစ်အတွက် ဖြေသိမ့်လိုက်
Chorus
သူငယ်ချင်း ရှေ့ဆက် မင်းဘဝဟာ အမြဲချိုမြိန်ပါစေ
အောင်မြင်ပါစေ တစ်ခါတစ်ရံမှာ ခါးသီးလည်း ကျော်ဖြတ်လိုက်ပေါ့လေ
ဟိုအရင်အချိန်က ကြေကွဲခြင်း မင်းမျက်ရည် မြစ်ပြင်ကျယ်မှာမျော
ပင်လယ်ထိ စီးပါစေ အားတင်းကာ လျှောက်လေ
Solo
Verse 2
ကံကြမ္မာဆိုတာက ချိုတစ်လှည့် ခါးတစ်လှည့်
အခုလည်း ဒီလိုပေါ့ အောင်မြင်လိုက် ရှုံးနိမ့်လိုက်
လဲကျတဲ့အခိုက် ကွဲခဲ့တဲ့ မင်းနှလုံးသား အက်ကြောင်းလေးက အမြဲတမ်း အမှတ်တရပေါ့
ဆက်လျှောက်ရမယ့် မင်းရဲ့ဘဝ အသစ်အတွက် ဖြေသိမ့်လိုက်
Chorus
သူငယ်ချင်း ရှေ့ဆက် မင်းဘဝဟာ အမြဲချိုမြိန်ပါစေ
အောင်မြင်ပါစေ တစ်ခါတစ်ရံမှာ ခါးသီးလည်း ကျော်ဖြတ်လိုက်ပေါ့လေ
ဟိုအရင်အချိန်က ကြေကွဲခြင်း မင်းမျက်ရည် မြစ်ပြင်ကျယ်မှာမျော
ပင်လယ်ထိ စီးပါစေ အားတင်းကာ လျှောက်လေ
Chorus
သူငယ်ချင်း ရှေ့ဆက် မင်းဘဝဟာ အမြဲချိုမြိန်ပါစေ
အောင်မြင်ပါစေ တစ်ခါတစ်ရံမှာ ခါးသီးလည်း ကျော်ဖြတ်လိုက်ပေါ့လေ
ဟိုအရင်အချိန်က ကြေကွဲခြင်း မင်းမျက်ရည် မြစ်ပြင်ကျယ်မှာမျော
ပင်လယ်ထိ စီးပါစေ အားတင်းကာ လျှောက်လေ
Outro
စီးပါစေ အားတင်းကာ လျှောက်... လိုက်...
Speed1.0x
Key0