Original key: D
Intro
Verse 1
မင်းနှုတ်ခမ်းရဲ့ လရောင်တွေထဲ ရင်ခုန်ယစ်မူးချစ်ခွင့်ရတဲ့ ခဏတာအိပ်မက်
ဒီညလေး မပြီးဆုံးချင်ခဲ့ ကိုယ့်ပုခုံးမှာ ခိုဝင်ကာ မှေးစက်လိုက်ဦး
Verse 2
နှလုံးသားများ ကိုးကွယ်ရာမဲ့ အိမ်ပြန်လမ်းက တို့အတွက်ရှိနှင့်ထားပေမယ့်လည်း
အချိန်ခဏလေး အခွင့်ပေးပါဦး ဒီညဟာ အတူဆုံနိုင်တဲ့ အဆုံးသတ်မို့ㅤ
Chorus
ကြယ်တွေရဲ့ ဟိုးအဝေးကြီးဆီ မင်းနဲ့တို့အတူ ဆုတောင်းမယ်
နောင်ဘဝမှာ မင်းနဲ့တို့ဆုံစည်းခွင့်ရဖို့ ဆုတောင်းမယ်
တို့ရဲ့မျက်ရည်များနဲ့ အချစ်တို့ သက်သေထားမယ်
တစ်ချိန်မှာ တို့နှစ်ယောက်ဆုံမယ် ယုံကြည်လိုက်မယ်

နောင်ဘဝမှာ မင်းနဲ့တို့ဆုံစည်းခွင့်ရဖို့ မျှော်လင့်မယ်

တစ်ချိန်မှာ တို့နှစ်ယောက်ဆုံမယ် ယုံလိုက်မယ်
Solo
Verse 2
နှလုံးသားများ ကိုးကွယ်ရာမဲ့ အိမ်ပြန်လမ်းက တို့အတွက်ရှိနှင့်ထားပေမယ့်လည်း
အချိန်ခဏလေး အခွင့်ပေးပါဦး ဒီညဟာအတူဆုံနိုင်တာ နောက်ဆုံးမို့ㅤ
Chorus
ကြယ်တွေရဲ့ ဟိုးအဝေးကြီးဆီ မင်းနဲ့တို့အတူ ဆုတောင်းမယ်
နောင်ဘဝမှာ မင်းနဲ့တို့ဆုံစည်းခွင့်ရဖို့ ဆုတောင်းမယ်
တို့ရဲ့မျက်ရည်များနဲ့ အချစ်တို့ သက်သေထားမယ်
တစ်ချိန်မှာ တို့နှစ်ယောက်ဆုံမယ် ယုံကြည်လိုက်မယ်
Chorus
ကြယ်တွေရဲ့ ဟိုးအဝေးကြီးဆီ မင်းနဲ့တို့အတူ ဆုတောင်းမယ်
နောင်ဘဝမှာ မင်းနဲ့တို့ဆုံစည်းခွင့်ရဖို့ မျှော်လင့်မယ်
တို့ရဲ့မျက်ရည်များနဲ့ အချစ်တို့ သက်သေထားမယ်
တစ်ချိန်မှာ တို့နှစ်ယောက်ဆုံမယ် ယုံလိုက်မယ်
တို့ရဲ့ မျက်ရည်များနဲ့ အချစ်တို့ သက်သေထားမယ်

Ending