Original key: E
Intro
Verse 1
မြူလည်းမဆုံး နှင်းဖွဲတုန်း ဆောင်းမနက်ခင်းရောက်တိုင်း
အမြန်သာ ငါပြေးခဲ့ချင်ပြီ အတိတ်နေ့ကို တွေးမိတိုင်း
အို မြင်ယောင်တယ် ဒီလို နေ့ရက်တိုင်း အတူပျော်မယ် နှင်းထဲ
ရင်မှာခိုဝင်လာ မင်းအပြုံးလေးများ သူငယ်ချင်းလေး အနားရှိㅤခိုက်
Chorus
မနက်ခင်းတိုင်း မနက်တွေတိုင်း တို့နှစ်ဦးပျော်ဖူးခဲ့တယ်
မနက်ခင်းတိုင်း မနက်တွေတိုင်း အချိန်တိုင်း အတူရှိခဲ့တယ်
အခိုင်မြဲဆုံး အရိုးသားဆုံး ရင်မှာသံယောဇဉ်ကြိုး ငြိတွယ်
ဒီမနက်တိုင်း နှင်းများဖွဲလည်း ကြည်လင်ခဲ့တယ်
Solo
Verse 2
ဒီဆောင်းတော့ မင်းလည်းမရှိ တစ်ယောက်တည်း အဖော်မဲ့ရပြီ
ရင်မှာ ဒီအလွမ်း ပြောင်းခဲ့သလား သတိတရနဲ့ ချစ်နေတာ
မျှော်နေတယ် အို တမ်းတဆဲ မေရယ် ပြန်ဆုံခွင့်တော့
ရင်မှာ ချစ်စကား သိမ်းဆည်းထား နှလုံးသားရဲ့ အနားမှာခိုㅤ
Chorus
မနက်ခင်းတိုင်း မနက်တွေတိုင်း တို့နှစ်ဦးပျော်ခဲ့ဖူးတယ်
မနက်ခင်းတိုင်း မနက်တွေတိုင်း အချိန်တိုင်း အတူရှိခဲ့တယ်
အခိုင်မြဲဆုံး အရိုးသားဆုံး ရင်မှာသံယောဇဉ်ကြိုး ငြိတွယ်
ဒီမနက်တိုင်း နှင်းများဖွဲလည်း ကြည်လင်ခဲ့တယ်
ဒီမနက်တိုင်း နှင်းများသည်းလို့ မျှော်နေဆဲလေ