Original key: G
Intro
Verse 1
လေညှင်းလေးတွေ ရင်ကို တိုက်ခတ်မှ ဖြေသာနိုင်ပြီလေ
ငါ့အမောများ အချိန်တွေ အကြာကြီးကျောခိုင်းခဲ့
အတိတ်က မြို့ငယ်လေး ပြန်ရောက်ခဲ့
Chorus 1
အို ဟိုး မြေနီလမ်းရေ မင်း ငါ့ကို မမုန်းနဲ့ အို ဟိုး ငါပြန်ခဲ့ပြီ
ကွဲအက်တဲ့အသည်းကို ဖြေသိမ့်ခြင်း ပေးလှည့်
Verse 2
ရွှေရောင်ထင်ပြီး ပြေးလိုက်ခဲ့ မြို့ပြလမ်းတွေ ခေါ်သံတွေ ကြားထဲ
ယုံကြည်ချက်များ ကွဲပျက်စီး ဒဏ်ရာတွေကိုသာ ရရှိပြီး
Chorus 2
အို ဟိုး မြေနီလမ်းရေ မင်း ငါ့ကို မမုန်းနဲ့ အိုး ဟိုး ငါလေ ပြန်လာခဲ့ပြီ
နာကျင်ခြင်းများစွာကို ပြန်ဖြေသိမ့်ခြင်း ပေးလှည့်
Solo
Verse 3
ကိုယ့်နှလုံးသားကို သူလေ ခွင့်လွှတ်မလား
မဖြေသာနိုင်အောင် သူမုန်းမလား
ကုန်လွန်ချိန်တွေအတွက် အသစ်ပြန်ပြီး ကြင်နာချင်ပါတယ် သူ့ အနားနေရင်း
Chorus 3
အိုး ဟိုး မြေနီလမ်းရေ မင်းမမုန်းလိုက်နဲ့ ငါ့ကိုလေ အိုး ဟိုး ငါ ပြန်လာခဲ့ပြီ
ဘဝရဲ့ ဒဏ်ရာ ဖြေသိမ့်ပေးလှည့်
ရေး ပြန်ပြီး နှစ်သိမ့်ပါဦး ကြင်နာခြင်းတွေကို ခုထိ တမ်းတတုန်း
ရေး တစ်ခါလောက် ခွင့်လွှတ်ပါဦး အရင်ကလို ပြန်ပြီးတော့ နွေးထွေးပါဦး
အိုး ဟိုး မြေနီလမ်းရေ မင်း ငါ့ကိုမမုန်းနဲ့ အိုး ဟိုး ငါလေ ပြန်လာခဲ့ပေါ့
နာကျင်ခြင်းများစွာကို ပြန်ဖြေသိမ့်ပေးလှည့်
Ending