Original key: G
Intro
Verse 1
လမ်းဆုံမှာ ရပ်နေတဲ့ လူနှစ်ယောက်တော့ ဆွေးနေတယ်
ဘယ်သူလဲ ကွယ် မင်းရယ် တို့ရယ် ငိုချင်သော မျက်လုံးလေးတွေ
ဟန်ဆောင်ကာ ပြုံးတာ နင်သိတယ် ငါလည်းသိတယ်
Verse 2
သွားမယ်ဆို သွားပါကွယ် ဒီလိုတစ်နေ့တော့ ဖြစ်လာမယ်
ကြိုသိတယ် မင်းရယ် တို့ရယ် တကယ်ကို ပေါင်းစပ်မရတဲ့
ဘဝမို့ အတူနေချင်သော်လည်းကွယ်
ဒီဇာတ်လမ်းလေး မပြီးသေးခင် နေဝင်တယ်
Chorus
နွေရက်များ သူပြန်သွားတော့မယ့် လမ်းလေးပေါ်မှာ
ကြေမွသွား ကျန်နေသူ ဒဏ်ချက်တွေ
ပြန်မှာလား မပြန်ခင် စကားတစ်ခွန်းတော့ ပြောလိုက်မယ်နော်
ကိုယ်ချစ်တယ် ကိုယ်အမြဲချစ်မယ်
Verse 3
လမ်းဆုံမှာ ဘဝမဆုံပါ အို ကျောခိုင်းရမယ်နော်
ကျေနပ်တယ် တို့ ကျေနပ်တယ်
တကယ်ကို ပေါင်းစပ်မရတဲ့ဘဝမို့ အတူနေချင်သော်လည်းကွယ်
ဒီဇာတ်လမ်းလေး မပြီးသေးခင် နေဝင်တယ်
Solo
Verse 2
သွားမယ်ဆို သွားပါကွယ် ဒီလိုတစ်နေ့တော့ ဖြစ်လာမယ်
ကြိုသိတယ် မင်းရယ် တို့ရယ် တကယ်ကို ပေါင်းစပ်မရတဲ့
ဘဝမို့ အတူနေချင်သော်လည်းကွယ်
ဒီဇာတ်လမ်းလေး မပြီးသေးခင် နေဝင်တယ်
Chorus
နွေရက်များ သူပြန်သွားတော့မယ့် လမ်းလေးပေါ်မှာ
ကြေမွသွား ကျန်နေသူ ဒဏ်ချက်တွေ
ပြန်မှာလား မပြန်ခင် စကားတစ်ခွန်းတော့ ပြောလိုက်မယ်နော်
ကိုယ်ချစ်တယ် ကိုယ်အမြဲချစ်မယ်
Verse 3
လမ်းဆုံမှာ ဘဝမဆုံပါ တို့ ကျောခိုင်းရမယ်နော်
ကျေနပ်တယ် တို့ ကျေနပ်တယ်
တကယ်ကို ပေါင်းစပ်မရတဲ့ဘဝမို့ အတူနေချင်သော်လည်းကွယ်
ဒီဇာတ်လမ်းလေး မပြီးသေးခင် နေဝင်တယ်
တကယ်ကို ပေါင်းစပ်မရတဲ့ ဘဝမို့ အတူနေချင်သော်လည်းကွယ်
ဒီဇာတ်လမ်းလေး မပြီးသေးခင် နေဝင်တယ်