Original key: A
Intro
Verse 1
မမြင်နိုင်အောင် လျှို့ဝှက်ထားတဲ့ အကြင်နာ မျက်ဝန်းတွေ
ငါ့အချစ်တွေ မင်းလေးမသိအောင် ဟန်ဆောင် လိမ်ညာရင်း
မဆုံနိုင်အောင် ကြိုးစားရင်း ငါနာကျင်နေပါပြီ
ဘယ်သူမှ မသိနိုင်တဲ့ ငါ့အချစ်တွေ မင်းလည်းမသိဖို့လေ
Music
မမြင်ကွယ်ရာ ငါ့ရဲ့အချစ်တွေ ရင်မှာ သိုဝှက်ရင်း အတူဆုံချိန်
အိပ်မက်ထဲမှာ အကြင်နာကို ရင်ဖွင့် အမှောင်မှာ ရှောင်ပုန်းခဲ့ရတာ နာကျင်နေပါပြီ
ဟန်ဆောင် မျိုသိပ်ထားတဲ့ အချစ်တွေ မင်းမသိနဲ့တော့လေ
Chorus
တကယ်ဆို မင်းနဲ့တို့ဟာ ဘယ်လိုမှ ဆုံစည်းဖို့ မဖြစ်နိုင်ခဲ့
အကြင်နာ ရှိနှင့်ထားသူ မင်းနဲ့ ဝေးရာ ရှောင်ဖယ်နေပါမယ်
တစ်ကိုယ်ရည် ငါရဲ့အခန်းမှာ လူတွေမသိအောင် တိတ်တဆိတ် ကျိတ်ငိုမယ်
အိပ်မက်ထဲတော့ အပြစ်ယူ မရက်စက်ပါနဲ့ တို့တွေ့ကြမယ်

ဘယ်သူမှ မသိနိုင်ဘူး ငါတစ်ယောက်တည်း မင်းကြောင့်ရူး
ဟန်ဆောင် အချစ်ရှုံးသူ ချစ်ခဲ့ခြင်းက မှားယွင်းပြီ
ဘယ်သူမှ မသိနိုင်ဘူး ပူလောင်တဲ့ အချစ်တွေ စူး
ဟန်ဆောင် အချစ်ရှုံးသူ အရာရာ ကြေပျက်သွားခဲ့ပြီ